Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ၿမိဳ႕တြင္း CCTV ျဖင့္ လႊမ္းၿခံဳကြပ္ကဲႏိုင္ရန္ စီစဥ္ေန

$
0
0


တာခ်ီလိတ္၊ ေမလ(၁၁)ရက္
ျမန္မာႏိုင္ငံတြင္ ဒုတိယေျမာက္ CCTV ကင္မရာမ်ားျဖင့္ ဗဟိုထိန္းခ်ဳပ္ခန္းျပဳလုပ္၍ ယာဥ္လမ္း ၾကပ္တည္းမႈႏွင့္ ဒုစရိုက္မႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ အတြင္း ေဆာင္ရြက္သြားရန္ စီစဥ္လွ်က္ရွိေၾကာင္း တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

"CCTV တပ္ဆင္ဖို႔ေတာ့ မႏၱေလးလို ပံုစံမ်ိဳးလုပ္ဖို႔ ရည္ရြယ္ထားတယ္။ အဓိက ကေတာ့ ရပ္ရြာ ေအးခ်မ္းသာယာေရးနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ေပါ့။ CCTV ေတြကို ကြန္ရက္လို တပ္ဆင္သြားမွာပါ။ တခ်ိဳ႕ရပ္ကြက္ေတြရဲ႕ လက္လွမ္းမမွီတဲ့ ေနရာေတြထိ ေရာက္ေအာင္ တပ္ဆင္ဖို႔ ရည္ရြယ္ပါတယ္။ အခုေလာေလာဆယ္ ဘန္ေကာက္က နည္းပညာကုမၸဏီတစ္ခုနဲ႔ အေသးစိတ္စာရင္း တြက္ခ်က္ထားတယ္။ ေဒသတြင္းက ေကာက္ခံရရွိထားတဲ့ အခြန္ေငြေတြကို အသံုးျပဳၿပီး တပ္ဆင္သြားမွာပါ"ဟု တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ရပ္ကြက္မ်ား အတြင္း CCTV အလံုးေရ(၁၀၀)ေက်ာ္ခန္႔တပ္ဆင္ရန္ ရည္ရြယ္ထားၿပီး CCTV ကြန္ရက္အား Wifi စနစ္ သို႔မဟုတ္ Cable ႀကိဳးမ်ား အသံုးျပဳ၍ တင္ဆင္သြားမည္ျဖစ္ကာ ထိန္းခ်ဳပ္ခန္းအား ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးတြင္ ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

နည္းပညာပိုင္းအား ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ နည္းပညာကုမၸဏီမွ ပံ့ပိုးေပးမည္ျဖစ္ၿပီး ရဲတပ္ဖြဲ႕၀င္မ်ားအား ျပန္လည္သင္တန္းပို႔ခ်မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕အတြင္း CCTV ကင္မရာမ်ားျဖင့္ ဗဟိုထိန္းခ်ဳပ္စက္ခန္း တည္ေဆာက္ၿပီးစီးပါက ျမန္မာႏိုင္ငံတြင္ ေဒသတြင္းမွရရွိေသာ အခြန္ေငြေၾကးျဖင့္ တည္ေဆာက္သည့္ ပထမဆံုးေသာ CCTV ထိန္းခ်ဳပ္ခန္းျဖစ္လာမည္ျဖစ္ၿပီး ခန္႔မွန္းကုန္က်စရိတ္မွာ ျမန္မာက်ပ္ သိန္းေပါင္း(၅၃၀)ေက်ာ္ ကုန္က်မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

ယခင္က တာခ်ီလိတ္ၿမိဳ႕ မီးပြိဳင့္မ်ားတြင္တပ္ဆင္ထားေသာ CCTV ကင္မရာအလံုး(၃၀)ခန္႔ရွိေသာ္လည္း ယခု CCTV ကင္မရာမ်ားတပ္ဆင္ပါက နည္းစနစ္ကိုက္ညီမႈမရွိသည့္အတြက္ ျပန္လည္ျဖဳတ္သိမ္းရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...............

တာချီလိတ်၊ မေလ(၁၁)ရက်
မြန်မာနိုင်ငံတွင် ဒုတိယမြောက် CCTV ကင်မရာများဖြင့် ဗဟိုထိန်းချုပ်ခန်းပြုလုပ်၍ ယာဉ်လမ်း ကြပ်တည်းမှုနှင့် ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် တာချီလိတ်မြို့တွင် ဇွန်လ အတွင်း ဆောင်ရွက်သွားရန် စီစဉ်လျှက်ရှိကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"CCTV တပ်ဆင်ဖို့တော့ မန္တလေးလို ပုံစံမျိုးလုပ်ဖို့ ရည်ရွယ်ထားတယ်။ အဓိက ကတော့ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ပေါ့။ CCTV တွေကို ကွန်ရက်လို တပ်ဆင်သွားမှာပါ။ တချို့ရပ်ကွက်တွေရဲ့ လက်လှမ်းမမှီတဲ့ နေရာတွေထိ ရောက်အောင် တပ်ဆင်ဖို့ ရည်ရွယ်ပါတယ်။ အခုလောလောဆယ် ဘန်ကောက်က နည်းပညာကုမ္ပဏီတစ်ခုနဲ့ အသေးစိတ်စာရင်း တွက်ချက်ထားတယ်။ ဒေသတွင်းက ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေကို အသုံးပြုပြီး တပ်ဆင်သွားမှာပါ"ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ရပ်ကွက်များ အတွင်း CCTV အလုံးရေ(၁၀၀)ကျော်ခန့်တပ်ဆင်ရန် ရည်ရွယ်ထားပြီး CCTV ကွန်ရက်အား Wifi စနစ် သို့မဟုတ် Cable ကြိုးများ အသုံးပြု၍ တင်ဆင်သွားမည်ဖြစ်ကာ ထိန်းချုပ်ခန်းအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာပိုင်းအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နည်းပညာကုမ္ပဏီမှ ပံ့ပိုးပေးမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်သင်တန်းပို့ချမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

တာချီလိတ်မြို့အတွင်း CCTV ကင်မရာများဖြင့် ဗဟိုထိန်းချုပ်စက်ခန်း တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် ဒေသတွင်းမှရရှိသော အခွန်ငွေကြေးဖြင့် တည်ဆောက်သည့် ပထမဆုံးသော CCTV ထိန်းချုပ်ခန်းဖြစ်လာမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ မြန်မာကျပ် သိန်းပေါင်း(၅၃၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယခင်က တာချီလိတ်မြို့ မီးပွိုင့်များတွင်တပ်ဆင်ထားသော CCTV ကင်မရာအလုံး(၃၀)ခန့်ရှိသော်လည်း ယခု CCTV ကင်မရာများတပ်ဆင်ပါက နည်းစနစ်ကိုက်ညီမှုမရှိသည့်အတွက် ပြန်လည်ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


ေဒၚနယ္ထရန္႔ အိမ္ေတာ္ (သို႔မဟုတ္) အိမ္ျဖဴေတာ္ရဲ႕ ထူးျခားခ်က္မ်ား


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးေဖာင္ေဒးရွင္းမွ အသင္းသားစံုညီ ႏွင့္...


အေလာင္းမင္းတရားမွ ဟံသာ၀တီပဲခူးကို သိမ္းပုိက္ႏုိင္ျခင္း


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>