Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္အလြန္ မယ္ဆိုင္အ၀င္၌ ျမန္မာႏိုင္ငံသားထံမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းမိ

$
0
0






တာခ်ီလိတ္၊ ေမလ(၁၁)
တာခ်ီလိတ္မွ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ အ၀င္ မယ္ဆိုင္စစ္ေဆးေရးဂိတ္တြင္ ျမန္မာႏိုင္ငံသားတစ္ဦး၏ ေက်ာပိုးအိတ္အတြင္းမွာ အေလးခ်ိန္(၂)ကီလိုခြဲရွိသည့္ မူးယစ္ေဆး၀ါး အိုက္စ္မ်ားကို ရွာေဖြေတြ႕ရွိၿပီး သယ္ေဆာင္လာသူ ႏွင့္ လိုက္ပါပို႔ေဆာင္ေပးေသာ ဆိုင္ကယ္ Taxi ေမာင္းသူအား ထိုင္းရဲလ၀က မွ စစ္ေဆးေနလွ်က္ရွိေၾကာင္း သိရွိရသည္။


အေလးခ်ိန္ (၂)ကီလိုခြဲရွိသည့္ အိုက္စ္မ်ားကို အသက္(၂၅)ႏွစ္ရွိ အာဖာမွ ခရီးေဆာင္ ေက်ာပိုးအိတ္အတြင္း သယ္ေဆာင္လာတာျဖစ္ၿပီး၊ ၎အား ေရႊတာခ်ီခရီးသြားလုပ္ငန္းမွ အငွား ဆိုင္ကယ္ေျပးဆြဲသူ ကိုသန္း၀င္းေအာင္ ေက်ာနံပါတ္ (၁၃၁) မွ လိုက္ပါပို႔ေဆာင္ေပးသည့္အတြက္ အဆိုပါ ကိစၥ ႏွင့္ ပတ္သက္၍ ဆိုင္ကယ္ေမာင္းသူႏွင့္ သက္ဆိုင္ျခင္းရွိ မရွိကို မယ္ဆိုင္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)ရွိ ထိုင္းအေကာက္ခြန္ရံုးတြင္ စစ္ေဆးေနလွ်က္ရွိၿပီး သက္ဆိုင္ျခင္း မရွိပါက ကူညီေပးႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း ျမန္မာဘက္ TBC မွ ကိုသန္းထြန္းေအာင္ထံမွ သိရသည္။


အဆိုပါ မူးယစ္ေဆး၀ါးမ်ားကို ယေန႔ ၂၀၁၆ခုႏွစ္ ေမလ(၁၁)ရက္ (၁၁)နာရီ (၄၀)မိနစ္အခ်ိန္က တာခ်ီလိတ္အထြက္ မယ္ဆိုင္အ၀င္ တြင္ ထိုင္းရဲလ၀ကမ်ားမွ မသကၤာ၍ X-Ray ျဖင့္ စစ္ေဆးရာမွ ရွာေဖြေတြ႕ရွိတာ ျဖစ္ေၾကာင္း သိရသည္။

"မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရး လုပ္ငန္းေတြကို ႏွစ္ႏိုင္ငံလံုးက အင္တိုက္အားတိုက္ ေဆာင္ရြက္ေနၾကပါတယ္။ သို႔ေသာ္လည္း ကၽြန္ေတာ္တို႕ ျမန္မာဖက္မွာ အခုလို X-Ray စက္လို ေခတ္မီစက္ကရိယာေတြ မရွိတဲ့အတြက္ မူးယစ္ေဆး၀ါးေတြက လြတ္သြားၿပီး တဖက္ႏိုင္ငံ ေရာက္မွ အဖမ္းခံရတယ္ဆိုေတာ့ တိုင္းျပည္သိကၡာက်တာေပါ့ဗ်ာ၊ ဒီေတာ့ ကၽြန္ေတာ္တို႔ ျမန္မာဖက္ကလည္း X-Ray စက္လို ေခတ္မီစက္ကရိယာေတြနဲ႕ ၾကပ္ၾကပ္မတ္မတ္ စစ္ေဆး အေရးယူဖို႕လိုအပ္ေနပါၿပီ"ဟု ၀မ္ေကာင္းရပ္ကြက္ေန ဦးစည္သူေမာင္က ေျပာသည္။ 

သတင္း။  ။ ကိုေဇာင္း

.....................

တာချီလိတ်၊ မေလ(၁၁)
တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ အဝင် မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှာ အလေးချိန်(၂)ကီလိုခွဲရှိသည့် မူးယစ်ဆေးဝါး အိုက်စ်များကို ရှာဖွေတွေ့ရှိပြီး သယ်ဆောင်လာသူ နှင့် လိုက်ပါပို့ဆောင်ပေးသော ဆိုင်ကယ် Taxi မောင်းသူအား ထိုင်းရဲလဝက မှ စစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။



အလေးချိန် (၂)ကီလိုခွဲရှိသည့် အိုက်စ်များကို အသက်(၂၅)နှစ်ရှိ အာဖာမှ ခရီးဆောင် ကျောပိုးအိတ်အတွင်း သယ်ဆောင်လာတာဖြစ်ပြီး၊၎င်းအား ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှါး ဆိုင်ကယ်ပြေးဆွဲသူ ကိုသန်းဝင်းအောင် ကျောနံပါတ် (၁၃၁) မှ လိုက်ပါပို့ဆောင်ပေးသည့်အတွက် အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းသူနှင့် သက်ဆိုင်ခြင်းရှိ မရှိကို မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)ရှိ ထိုင်းအကောက်ခွန်ရုံးတွင် စစ်ဆေးနေလျှက်ရှိပြီး သက်ဆိုင်ခြင်း မရှိပါက ကူညီပေးနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာဘက် TBC မှ ကိုသန်းထွန်းအောင်ထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ယနေ့ ၂၀၁၆ခုနှစ် မေလ(၁၁)ရက် (၁၁)နာရီ (၄၀)မိနစ်အချိန်က တာချီလိတ်အထွက် မယ်ဆိုင်အဝင် တွင် ထိုင်းရဲလဝကများမှ မသင်္ကာ၍ X-Ray ဖြင့် စစ်ဆေးရာမှ ရှာဖွေတွေ့ရှိတာ ဖြစ်ကြောင်း သိရသည်။

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို နှစ်နိုင်ငံလုံးက အင်တိုက်အားတိုက် ဆောင်ရွက်နကြေပါတယ်။ သို့သော်လည်း ကျွန်တော်တို့ မြန်မာဖက်မှာ အခုလို X-Ray စက်လို ခေတ်မီစက်ကရိယာတွေ မရှိတဲ့အတွက် မူးယစ်ဆေးဝါးတွေက လွတ်သွားပြီး တဖက်နိုင်ငံ ရောက်မှ အဖမ်းခံရတယ်ဆိုတော့ တိုင်းပြည်သိက္ခါကျတာပေါ့ဗျာ၊ ဒီတော့ ကျွန်တော်တို့ မြန်မာဖက်ကလည်း X-Ray စက်လို ခေတ်မီစက်ကရိယာတွေနဲ့ ကြပ်ကြပ်မတ်မတ် စစ်ဆေး အရေးယူဖို့လိုအပ်နေပါပြီ"ဟု ဝမ်ကောင်းရပ်ကွက်နေ ဦးစည်သူမောင်က ပြောသည်။ 

သတင်း။ ကိုဇောင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>