Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ နေရပ်ပြန်သည့် မြန်မာနိုင်ငံသား(၆)ဦး မယ်ဆိုင်မြို့တွင် လှည့်ကင်းစစ်ဆေးခံရ
$
0
0
သင်္ကြန်ကာလမှာ နေရပ်ပြန်လာသည့် အဆိုပါ မြန်မာနိုင်ငံသား(၆)ဦးအား ဧပြီလ (၄) ရက်နေ့က ခရီးဆောင်အိတ်များဖြင့် ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်ချောင်းနှင့် မနီးမဝေး လမ်းမပေါ်တွင် တွေ့ရသဖြင့် ထိုင်းလှည့်ကင်းများက ခေါ်ယူစစ်ဆေးခံရ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီ (CNCMC) သို့ ဆက်သွယ် အကြောင်းကြားလာခြင်းကြောင်း သွားရောက် ညှိနှိုင်းပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် ယာယီနိုင်ငံကူး လက်မှတ်များ ၊ ခရီးသွားလာခွင့် လက်မှတ်အထောက်အထားများ ပြည့်ပြည့်စုံစုံဖြင့် ခရီးသွားလာကြရန်နှင့် တရားမဝင်လမ်းကြောင်းဖြစ်သည့် နှစ်နိုင်ငံ ရေချောင်းမှ ဖြတ်သန်းသွားလာခြင်းမပြုကြရန် CNCMC မှ သတိပေးထားသည်။
ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီဖြေရှင်း ပေးရေးနှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား ပိုမိုစွမ်းဆောင်နိုင်ရေးတို့အား ရည်ရွယ်ကာ CNCMC အဖွဲ့အား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့က ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။   ။ ဇောင်းညီ
........
မယ်ဆိုင်၊ ဧပြီ(၆)။ သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်တွင် အလုပ် လုပ်ကိုင်နေရာမှ နေရပ်ပြန်လာသော မြန်မာနိုင်ငံသား (၆) ဦးအား မယ်ဆိုင်မြို့တွင် တရားမဝင်လမ်းကြောင်းမှ ဖြတ်ကူးရန် ကြိုးစားသည်ဟု သံသယရှိသဖြင့် ထိုင်းလှည့်ကင်းရဲအဖွဲ့က ခေါ်ယူစစ်ဆေးခံရကြောင်း CNCMC ကော်မတီမှ သိရသည်။
သင်္ကြန်ကာလမှာ နေရပ်ပြန်လာသည့် အဆိုပါ မြန်မာနိုင်ငံသား(၆)ဦးအား ဧပြီလ (၄) ရက်နေ့က ခရီးဆောင်အိတ်များဖြင့် ထို်င်း - မြန်မာနယ်စပ် မယ်ဆိုင်ချောင်းနှင့် မနီးမဝေး လမ်းမပေါ်တွင် တွေ့ရသဖြင့် ထိုင်းလှည့်ကင်းများက ခေါ်ယူစစ်ဆေးခံရ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီ (CNCMC) သို့ ဆက်သွယ် အကြောင်းကြားလာခြင်းကြောင်း သွားရောက် ညှိနှိုင်းပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ထိုင်းရဲတွေရဲ့ စစ်ဆေးခြင်းကို ခံရတဲ့ မြန်မာလုပ်သား (၆)ဦးက ကျွန်တော်တို့ကော်မတီကို သက်ဆိုင်တဲ့သူတစ်ယောက်ရဲ့ ဖခင်က တဆင့် ဆက်သွယ် ကူညီတောင်းလာတယ်။ ဖြစ်စဉ်ကိုသိရတော့ ကော်မတီအနေနဲ့ အချိန်နဲ့တပြေးညီ ထိုင်းလှည့်ကင်းရဲအုပ်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအရ သွားရောက်ညှိနှိုင်းပြီး ပြန်လည်ခေါ်ဆောင်ခဲ့တာပါ။” ဟု CNCMC လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား(၆)ဦးတွင် ယာယီနိုင်ငံကူးလက်မှတ်များ၊ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းနှင့် Work Permit များအား စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်လာမည့် မြန်မာနိုင်ငံသားများအနဖြေင့် ယာယီနိုင်ငံကူး လက်မှတ်များ၊ ခရီးသွားလာခွင့် လက်မှတ်အထောက်အထားများ ပြည့်ပြည့်စုံစုံဖြင့် ခရီးသွားလာကြရန်နှင့် တရားမဝင်လမ်းကြောင်းဖြစ်သည့် နှစ်နိုင်ငံ ရေချောင်းမှ ဖြတ်သန်းသွားလာခြင်းမပြုကြရန် CNCMC မှ သတိပေးထားသည်။
ထိုင်းနို်င်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီဖြေရှင်း ပေးရေးနှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား ပိုမိုစွမ်းဆောင်နိုင်ရေးတို့အား ရည်ရွယ်ကာ CNCMC အဖွဲ့အား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့က ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~
Viewing all articles
Trending Articles
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>