Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားဥပေဒစိုးမိုးမႈ အားေကာင္းေရး ျပဌာန္းဥပေဒအား လိုက္နာၾကရန္ တာခ်ီလိတ္စခန္းမွဴး တိုက္တြန္း

$
0
0

တာခ်ီလိတ္၊ ဧၿပီလ (၆) ရက္ ။   ။ ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ တရားဥပေဒစိုးမိုးေရးအားေကာင္းရန္ ျပဌာန္းထားေသာ ဥပေဒမ်ားအား ႏိုင္ငံသားတိုင္း လိုက္နာၾကရန္ လိုအပ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမႈးေက်ာ္သန္းက  တိုက္တြန္းေျပာၾကားလိုက္သည္။

"အဓိက တရားဥပေဒစိုးမိုးဖို႔ဆိုတာ လိုက္နာဖို႔လိုအပ္တာေတြကို တရားဥပေဒက ျပဌာန္းထားတယ္။ ဒါကို လူတိုင္း လိုက္နာရင္ တရားဥပေဒ မစိုးမိုးဘူးဆိုတာမရွိပါဘူး"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ေက်ာ္သန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မႈခင္းမ်ားျဖစ္ပြားျခင္းႏွင့္ ခိုး၊ ဆိုး၊ ႏွိဳက္ ျဖစ္ပြားမႈမ်ားေၾကာင့္ တရားဥပေဒစိုးမိုးမႈ မရွိဟု ေဒသခံမ်ားက ေဝဖန္မႈအား ယင္းကဲ့သို႔ ေျဖၾကားလိုက္ျခင္းျဖစ္သည္။

"ေနရာ တစ္ေနရာရာမွာ တရားဥပေဒစိုးမိုးေစခ်င္ရင္ တရားဥပေဒ မလိုက္နာတဲ့ သူေတြကို ႏိုင္ငံေရး ပါတီနဲ႔ NGO ကလူေတြက လူသားခ်င္းစာနာတယ္ဆိုတဲ့ ေခါင္းစဥ္ျပၿပီး မကူညီနဲ႔။ အဲဒါဆို တရားဥပေဒစိုးမိုးမွာပဲ။ လက္ရွိအုပ္ခ်ဳပ္တဲ့ လူတန္းစားမွာလည္း အားနည္းခ်က္ေတြရွိတယ္။ NGO ကပဲျဖစ္ျဖစ္ ႏိုင္ငံေရးပါတီကပဲျဖစ္ျဖစ္ ဌာနဆိုင္ရာကလူေတြကို အကူအညီေတာင္းရင္ အားနည္းခ်က္ကို ေထာက္ျပၿပီး အကူအညီေတာင္းတာ။ ဒါေၾကာင့္ ဥပေဒ မစိုးမိုးတာ"ဟု ေရႊႀတိဂံသတင္းလႊာ အယ္ဒီတာခ်ဳပ္ ကိုထြန္း(မိုင္းျဖတ္)က သံုးသပ္ေ၀ဖန္လိုက္သည္။

လက္ရိွ တာခ်ီလိတ္ၿမိဳ႕၏ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားသည္ ႏိုင္ငံေရးပါတီမ်ားႏွင့္ NGO မ်ားမွ အကူအညီ ေတာင္းခံမႈမ်ားကို လိုက္ေလ်ာျခင္းေၾကာင့္ တရားဥပေဒစိုးမိုးမႈမရွိျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

"တရားဥပေဒဆိုတာ တရားမွ်မွ်တတနဲ႔ ၿမိဳ႕အသိုင္းအ၀ိုင္း တည္တည္ၿငိမ္ၿငိမ္ေနႏိုင္ဖို႔နဲ႔ အားလံုး လံုလံုျခံဳျခံဳ ေအးေအးေဆးေဆး ေနႏိုင္ဖို႔အတြက္ ထုတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြျဖစ္ပါတယ္။ ကၽြန္မတို႔ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီဆုိတာ မရွိခဲ့ပါဘူး။ ဒါေၾကာင့္ အမ်ိဳးမ်ိဳးဥပေဒမဲ့မႈေတြျဖစ္ခဲ့တယ္။ ဒါေၾကာင့္မို႔ တရားတဲ့ ဥပေဒက သက္ေရာက္မႈရွိရမယ္။ ဥပေဒက လွေတာ့လွပါတယ္။ ဘာမွ ထိေရာက္မႈမွ မရွိရင္ အလကားပဲ။  ဥပေဒစိုးမိုးေအာင္ အစိုးရကလုပ္ရပါတယ္"ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က တာခ်ီလိတ္ၿမိဳ႕တြင္ မဲဆြယ္စည္းရံုးစဥ္ကာလက ေျပာၾကားထားသည္။

၂၀၁၅ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းပိုင္ နယ္ေျမအတြင္း လူသတ္မႈ (၁၄)မႈျဖစ္ပြားခဲ့သည့္အနက္ (၈)မႈကိုသာ တရားစြဲဆိုႏိုင္ခဲ့ၿပီး လူသတ္မႈ(၄)မႈမွာ အမႈပိတ္သိမ္းခဲ့ကာ (၂)မႈမွာ အမႈအား တရားရံုးတြင္ စစ္ေဆးလွ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း၏ မွတ္တမ္းမ်ားအရသိရသည္။

၂၀၁၆ ခုႏွစ္ ဧၿပီလအတြင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းအပိုင္နယ္ေျမအတြင္း လူသတ္မႈ (၂) မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
************

တာချီလိတ်၊ ဧပြီလ (၆) ရက်။ မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးရေးအားကောင်းရန် ပြဌာန်းထားသော ဥပဒေများအား နိုင်ငံသားတိုင်း လိုက်နာကြရန် လိုအပ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုးကျော်သန်းက တိုက်တွန်းပြောကြားလိုက်သည်။

"အဓိက တရားဥပဒေစိုးမိုးဖို့ဆိုတာ လိုက်နာဖို့လိုအပ်တာတွေကို တရားဥပဒေက ပြဌာန်းထားတယ်။ ဒါကို လူတိုင်း လိုက်နာရင် တရားဥပဒေ မစိုးမိုးဘူးဆိုတာမရှိပါဘူး"ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက ပြောသည်။

တာချီလိတ်မြို့တွင် မှုခင်းများဖြစ်ပွားခြင်းနှင့် ခိုး၊ ဆိုး၊ နှိုက် ဖြစ်ပွားမှုများကြောင့် တရားဥပဒေစိုးမိုးမှု မရှိဟု ဒေသခံများက ဝေဖန်မှုအား ယင်းကဲ့သို့ ဖြကြေားလိုက်ခြင်းဖြစ်သည်။

"နေရာ တစ်နေရာရာမှာ တရားဥပဒေစိုးမိုးစေချင်ရင် တရားဥပဒေ မလိုက်နာတဲ့ သူတွေကို နိုင်ငံရေး ပါတီနဲ့ NGO ကလူတွေက လူသားချင်းစာနာတယ်ဆိုတဲ့ ခေါင်းစဉ်ပြပြီး မကူညီနဲ့။ အဲဒါဆို တရားဥပဒေစိုးမိုးမှာပဲ။ လက်ရှိအုပ်ချုပ်တဲ့ လူတန်းစားမှာလည်း အားနည်းချက်တွေရှိတယ်။ NGO ကပဲဖြစ်ဖြစ် နိုင်ငံရေးပါတီကပဲဖြစ်ဖြစ် ဌာနဆိုင်ရာကလူတွေကို အကူအညီတောင်းရင် အားနည်းချက်ကို ထောက်ပြပြီး အကူအညီတောင်းတာ။ ဒါကြောင့် ဥပဒေ မစိုးမိုးတာ"ဟု ရွှတြေိဂံသတင်းလွှာ အယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)က သုံးသပေ်ဝဖန်လိုက်သည်။

လက်ရှိ တာချီလိတ်မြို့၏ အုပ်ချုပ်ရေးအဖွဲ့များသည် နိုင်ငံရေးပါတီများနှင့် NGO များမှ အကူအညီ တောင်းခံမှုများကို လိုက်လျောခြင်းကြောင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

"တရားဥပဒေဆိုတာ တရားမျှမျှတတနဲ့ မြို့အသိုင်းအဝိုင်း တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့နဲ့ အားလုံး လုံလုံခြုံခြုံ အေးအေးဆေးဆေး နေနိုင်ဖို့အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွဖြေစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် အမျိုးမျိုးဥပဒေမဲ့မှုတွဖြေစ်ခဲ့တယ်။ ဒါကြောင့်မို့ တရားတဲ့ ဥပဒေက သက်ရောက်မှုရှိရမယ်။ ဥပဒေက လှတော့လှပါတယ်။ ဘာမှ ထိရောက်မှုမှ မရှိရင် အလကားပဲ။ ဥပဒေစိုးမိုးအောင် အစိုးရကလုပ်ရပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာချီလိတ်မြို့တွင် မဲဆွယ်စည်းရုံးစဉ်ကာလက ပြောကြားထားသည်။

၂၀၁၅ ခုနှစ်တွင် တာချီလိတ်မြို့မ ရဲစခန်းပိုင် နယ်မြေအတွင်း လူသတ်မှု (၁၄)မှုဖြစ်ပွားခဲ့သည့်အနက် (၈)မှုကိုသာ တရားစွဲဆိုနိုင်ခဲ့ပြီး လူသတ်မှု(၄)မှုမှာ အမှုပိတ်သိမ်းခဲ့ကာ (၂)မှုမှာ အမှုအား တရားရုံးတွင် စစ်ဆေးလျှက်ရှိကြောင်း တာချီလိတ်မြို့မ ရဲစခန်း၏ မှတ်တမ်းများအရသိရသည်။

၂၀၁၆ ခုနှစ် ဧပြီလအတွင်း တာချီလိတ်မြို့မရဲစခန်းအပိုင်နယ်မြေအတွင်း လူသတ်မှု (၂) မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ္ေမာင္း တစ္ေမာင္း တို ့တစ္ေမာင္းသည္


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


လုလုေအာင္ HD အသစ္


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


လူ႕ဘဝ၏ အနွစ္သာရ တန္ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>