Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ိဳင္းတံုၿမိဳ႕၌ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္တစ္လံုး ဆံုးရႈံး

$
0
0


က်ဳိင္းတံု၊ မတ္လ (၁၆) ရက္။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ မတ္လ (၁၆) ရက္ အ႐ုဏ္မတက္မီ နံနက္(၂) နာရီ (၂၈)မိနစ္ခန္႔တြင္ ဟင္းအိုးတည္ထားခဲ့သည့္ ထင္းမီးဖို မီးႂကြင္းမီးက်န္မွတစ္ဆင့္ မီးေလာင္ကြၽမ္းမႈေၾကာင့္ ေနအိမ္တစ္လံုး ဆံုးရံႈးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ က်ဳိင္းတံုၿမိဳ႕နယ္၊ ယန္းေလာေက်းရြာအုပ္စု၊ စြန္ေနာင္ခမ္းရပ္ရွိွ ဦးေခ်းကာ၏ သြပ္မိုး၊ ရႊံ႔ကာ၊ ဝါးခင္း တစ္ထပ္ေနအိမ္အတြင္း ဟင္းအိုးတည္ထားခဲ့သည့္ ထင္းမီးဖို၊ မီးႂကြင္းမီးက်န္မွတစ္ဆင့္ ဝါးခင္းသို႔ ကူးစက္ေလာင္ကြၽမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ခုလို မီးေလာင္လြယ္တဲ့ ေႏြရာသီကာလမွာ မီးကို အသံုးျပဳၿပီးရင္ မေပါ့ဆဘဲ ေသခ်ာၿငိႇမ္းသတ္ေစခ်င္တယ္။"ဟု က်ဳိင္းတံုျပည္နယ္မီးသတ္စခန္းမွ တာဝန္ရိွသူတစ္ဦးက ဆိုသည္။

မီးေလာင္ျပင္ႏွင့္ မီးသတ္စခန္းမွာ ႏွစ္မိုင္ခန္႔ကြာေဝးၿပီး မီးစတင္ေလာင္ကြၽမ္းသည္ႏွင့္ ဖုန္းသတင္းရရိွသည့္ မီးသတ္တပ္ဖြဲ႕မွ တပ္ဖြဲ႔၀င္မ်ားသည္ (၆)မိနစ္အတြင္း မီးေလာင္ျပင္သို႔ ေရာက္ရိွသြားၿပီး (၂) နာရီ (၄၀) မိနစ္အခ်ိန္၌ မီးလံုးဝၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္းႏွင့္ မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လံုးဆံုးရႈံးသြားေၾကာင္းသိရသည္။

အဆိုပါမီးေလာင္မႈႏွင့္ ပတ္သက္၍ မီးကို ေပါ့ဆစြာအသံုးျပဳမႈျဖင့္ အိမ္ပိုင္ရွင္ျဖစ္သူ အသက္ ( ၅၂) ႏွစ္အရြယ္ ဦးေခ်းကာအား က်ဳိင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းမွ (ပ-၄၅/၂၀၁၆) ပုဒ္မ (၂၈၅) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရိွရသည္။

သတင္း။  ။ ဇင္ေအာင္

-----------------
( unicode )

ကျိုင်းတုံ၊ မတ်လ (၁၆) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မတ်လ (၁၆) ရက် အရုဏ်မတက်မီ နံနက်(၂) နာရီ (၂၈)မိနစ်ခန့်တွင် ဟင်းအိုးတည်ထားခဲ့သည့် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ စွန်နောင်ခမ်းရပ်ရှိ ဦးချေးကာ၏ သွပ်မိုး၊ ရွှံ့ကာ၊ ဝါးခင်း တစ်ထပ်နေအိမ်အတွင်း ဟင်းအိုးတည်ထားခဲ့သည့် ထင်းမီးဖို၊ မီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးခင်းသို့ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ခုလို မီးလောင်လွယ်တဲ့ နွေရာသီကာလမှာ မီးကို အသုံးပြုပြီးရင် မပေါ့ဆဘဲ သေချာငြှိမ်းသတ်စေချင်တယ်။"ဟု ကျိုင်းတုံပြည်နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်ပြင်နှင့် မီးသတ်စခန်းမှာ နှစ်မိုင်ခန့်ကွာဝေးပြီး မီးစတင်လောင်ကျွမ်းသည်နှင့် ဖုန်းသတင်းရရှိသည့် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် (၆)မိနစ်အတွင်း မီးလောင်ပြင်သို့ ရောက်ရှိသွားပြီး (၂) နာရီ (၄၀) မိနစ်အချိန်၌ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးသွားကြောင်းသိရသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးကို ပေါ့ဆစွာအသုံးပြုမှုဖြင့် အိမ်ပိုင်ရှင်ဖြစ်သူ အသက် ( ၅၂) နှစ်အရွယ် ဦးချေးကာအား ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ-၄၅/၂၀၁၆) ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္စာရင္းထုတ္ျပန္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


ခ်က္ခ်င္းဆိုသလို သိသိသာသာ ေစ်းေရာင္းေကာင္းေစေသာ ယၾတာနည္း


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း