Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေဒၚလာေစ်းအေျပာင္းအလဲေၾကာင့္ တာခ်ီလိတ္ေရႊေစ်းႏႈန္း အေျပာင္းအလဲရိွေနေသာ္လည္း ေရာင္းအားမက်

$
0
0
နန္းေရႊက်င္း ေရႊဆိုင္ပံု 


တာခ်ီလိတ္၊ ေဖေဖာ္ဝါရီလ (၂၁)ရက္။     ။ ေဒၚလာေစ်းအေျပာင္းအလဲေၾကာင့္ တာခ်ီလိတ္ ေရႊေစ်းကြက္ အတြင္း ေစ်းႏွဳန္းေျပာင္းလဲမႈရွိေသာ္လည္း ေရာင္းအားက်သြားျခင္းမရိွေၾကာင္း ေရႊဆိုင္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒၚလာေစ်းက်လို႔ ေရႊေစ်းလိုက္တက္သြားတာပါ။ ကမာၻ႔ေရႊေစ်းတက္ရင္ တာခ်ီလိတ္ ေရႊေစ်းလည္း လိုက္တက္တယ္။ ေစ်းကြက္အေျပာင္းအလဲ ႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ ပံုမွန္အတိုင္း အေရာင္းအ၀ယ္ေတာ့ ရွိပါတယ္"ဟု နန္းေရႊက်င္း ေရႊဆိုင္ပိုင္ရွင္ ကိုစိုင္းစြမ္း၀ဒ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ေရႊေစ်းကြက္အတြင္း ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ ေဒၚလာေစ်းက်ဆင္းခဲ့သျဖင့္ ေရႊတစ္ဘတ္သား (၂၁၆၀၀)ဘတ္ႏွဳန္းေပါက္ေစ်းရွိခဲ့ၿပီး ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔တြင္ ေရႊတစ္ဘတ္သား (၂၁၅၀၀)ဘတ္ႏွဳန္းသာရွိေတာ့ေၾကာင္း သိရသည္။

"တာခ်ီလိတ္ ေရႊေစ်းကြက္ထဲမွာေတာ့ ေဒၚလာေစ်းက်လို႔ ေရႊ၀ယ္စုၿပီး ေစ်းကစားတာမ်ိဳး သိပ္မရွိဘူး။ ေရႊေစ်းကလည္း ထုိင္းဘတ္(၄၀၀)ေက်ာ္ ပတ္၀န္းက်င္ေလာက္ တက္သြားတာပါ။ ေစ်းကြက္ထဲမွာ အေရာင္းအ၀ယ္ ပုံမွန္ပါပဲ"ဟု ေရႊလုပ္ငန္းလုပ္ကိုင္သူ ကိုစိုင္းခမ္း၀န္းက ေျပာသည္။

ကမၻာ့ေရႊေစ်းမွာ ေဖေဖာ္ဝါရီလ ဒုတိယပတ္အတြင္း အနိမ့္ဆံုးေစ်းမွာ ေဖေဖာ္ဝါရီလ(၈) ရက္ေန႔တြင္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၁၁၂၀) ရွိခဲ့ရာမွ(၁၁) ရက္ေန႔ညပိုင္းတြင္ (၁၂၆၀) ေဒၚလာအထိ ျမင့္တက္လာခဲ့ျခင္းျဖစ္ၿပီး (၁၂) ရက္ေန႔ နံနက္ပိုင္းတြင္ တစ္ေအာင္စလွ်င္ (၁၂၃၇) ေဒၚလာတြင္ ရွိေနေၾကာင္း သိရသည္။
**********************

( UNICODE )
တာချီလိတ်၊ ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်လာဈေးအပြောင်းအလဲကြောင့် တာချီလိတ် ရွှေဈေးကွက် အတွင်း ဈေးနှုန်းပြောင်းလဲမှုရှိသော်လည်း ရောင်းအားကျသွားခြင်းမရှိကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာဈေးကျလို့ ရွှေဈေးလိုက်တက်သွားတာပါ။ ကမာ္ဘ့ရွှေဈေးတက်ရင် တာချီလိတ် ရွှေဈေးလည်း လိုက်တက်တယ်။ ဈေးကွက်အပြောင်းအလဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ပုံမှန်အတိုင်း အရောင်းအဝယ်တော့ ရှိပါတယ်"ဟု နန်းရွှေကျင်း ရွှေဆိုင်ပိုင်ရှင် ကိုစိုင်းစွမ်းဝဒ်က ပြောသည်။

တာချီလိတ်မြို့ ရွှေဈေးကွက်အတွင်း ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဒေါ်လာဈေးကျဆင်းခဲ့သဖြင့် ရွှေတစ်ဘတ်သား (၂၁၆၀၀)ဘတ်နှုန်းပေါက်ဈေးရှိခဲ့ပြီး ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ရွှေတစ်ဘတ်သား (၂၁၅၀၀)ဘတ်နှုန်းသာရှိတော့ကြောင်း သိရသည်။

"တာချီလိတ် ရွှေဈေးကွက်ထဲမှာတော့ ဒေါ်လာဈေးကျလို့ ရွှေဝယ်စုပြီး ဈေးကစားတာမျိုး သိပ်မရှိဘူး။ ရွှေဈေးကလည်း ထိုင်းဘတ်(၄၀၀)ကျော် ပတ်ဝန်းကျင်လောက် တက်သွားတာပါ။ ဈေးကွက်ထဲမှာ အရောင်းအဝယ် ပုံမှန်ပါပဲ"ဟု ရွှေလုပ်ငန်းလုပ်ကိုင်သူ ကိုစိုင်းခမ်းဝန်းက ပြောသည်။

ကမ္ဘာ့ရွှေဈေးမှာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အနိမ့်ဆုံးဈေးမှာ ဖေဖော်ဝါရီလ(၈) ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၁၂၀) ရှိခဲ့ရာမှ(၁၁) ရက်နေ့ညပိုင်းတွင် (၁၂၆၀) ဒေါ်လာအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး (၁၂) ရက်နေ့ နံနက်ပိုင်းတွင် တစ်အောင်စလျှင် (၁၂၃၇) ဒေါ်လာတွင် ရှိနေကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>