Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ဳိင္းတုံၿမိဳ႕တြင္ ျမန္မာထီႀကီးကို နားမလည္သည့္ အတြက္ ေဒသခံအမ်ားစု အားေပးမႈ နည္းပါး

$
0
0

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတုံၿမိဳ႕တြင္ ျမန္မာထီကို ေဒသခံမ်ား နားမလည္ၾကသည့္အတြက္ ေရာင္းအားမေကာင္းေၾကာင္း က်ိဳင္းတုံ ျမန္မာထီအေရာင္းဆိုင္မ်ားမွ သိရသည္။

"ဒီက တိုင္းရင္းသားအမ်ားစုက ျမန္မာထီမထိုးၾကဘူး။ သူတို႔က ဒီျမန္မာထီ အေၾကာင္း နားမလည္ၾကဘူး။ ဦးေလးကလည္း သူတို႔ဘာသာစကား မေပါက္တဲ့အတြက္ ႐ွင္းမျပႏိုင္ဘူးေလ။ ၿပီးရင္ ထီေပါက္လို႔ ဆုေၾကးေတြ ဘာေတြထုတ္တာကလည္း ခုေပါက္ အခုေလ်ာ္ မဟုတ္တဲ့အတြက္ တိုင္းရင္းသားအမ်ားစုက ျမန္မာထီကို စိတ္မ၀င္စားၾကဘူး"ဟု က်ိဳင္းတုံ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္မွ ကိုဦးက ေျပာသည္။

က်ဳိင္းတုံၿမိဳ႕တြင္ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋ၊ ေ႐ႊျမန္မာ စသည့္ ထီကုမၸဏီ (၂)ခုမွထီမ်ားကို ေရာင္းခ်ေပးၿပီး ေန႔ထူးေန႔ျမတ္မ်ားႏွင့္ လျပည့္ေန႔မ်ားတြင္ ေရာင္းေကာင္းၿပီး က်ိဳင္းတုံၿမိဳ႕ရိွ အစိုးရ၀န္ထမ္းမ်ားကိုသာ အဓိကေရာင္းခ်ရေၾကာင္း ၎ထံမွသိရသည္။

"ဒီက တိုင္းရင္းသားအမ်ားစုက ျမန္မာထီကို သိပ္မယုံၾကဘူး။ အရင္တုန္းက ထီဘူးေတြကို  တစ္ဘူး(၃၀,၀၀၀)က်ပ္နဲ႔ ရပ္ကြက္ေတြထဲလွည့္ၿပီး မေပါက္တာ မ႐ိွဘူးဆိုၿပီး လိမ္ေရာင္းခံရတာေတြ႐ိွတယ္၊ အဲ့ဒါေၾကာင့္ ဒီကတိုင္းရင္းသားေတြက မယုံၾကေတာ့ဘူး။ ၿပီးရင္ ထိုင္းထီေတြက (၁၅)ရက္တစ္ခါ ထြက္တယ္၊ ၿပီးရင္ အခုေပါက္ရင္ အခုေလ်ာ္ေပးတယ္။ ျမန္မာထီေတြက ေပါက္ရင္ေတာင္ လက္မွတ္ေပ်ာက္ရင္ မရဘူးေလ၊ အဲဒါေၾကာင့္ ဒီကလူေတြက ျမန္မာထီကို မထိုးၾကဘူး"ဟု က်ဳိင္းတံုေဒသခံ ေဒၚဥမၼာေအာင္က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕တြင္ လစဥ္ က်ပ္(၅)ေသာင္းႏွင့္ (၁)သိန္း ကံထူး႐ွင္(၁၀)ဦးမွ (၁၅)ဦးအထိ ေပၚထြက္လွ်က္႐ိွၿပီး ထီအေရာင္းဆိုင္ေပါင္း (၅)ဆိုင္ အျပင္ သုံးဘီးဆိုင္ကယ္ျဖင့္ လွည့္လည္ေရာင္းခ်သူ(၂)ဦးႏွင့္ ကားျဖင့္လွည့္လည္ ေရာင္းခ်သူ(၁)ဦး႐ိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
*****************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြန်မာထီကို ဒေသခံများ နားမလည်ကြသည့်အတွက် ရောင်းအားမကောင်းကြောင်း ကျိုင်းတုံ မြန်မာထီအရောင်းဆိုင်များမှ သိရသည်။

"ဒီက တိုင်းရင်းသားအများစုက မြန်မာထီမထိုးကြဘူး။ သူတို့က ဒီမြန်မာထီ အကြောင်း နားမလည်ကြဘူး။ ဦးလေးကလည်း သူတို့ဘာသာစကား မပေါက်တဲ့အတွက် ရှင်းမပြနိုင်ဘူးလေ။ ပြီးရင် ထီပေါက်လို့ ဆုကြေးတွေ ဘာတွေထုတ်တာကလည်း ခုပေါက် အခုလျော် မဟုတ်တဲ့အတွက် တိုင်းရင်းသားအများစုက မြန်မာထီကို စိတ်မဝင်စားကြဘူး"ဟု ကျိုင်းတုံ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ကိုဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ၊ ရွှမြေန်မာ စသည့် ထီကုမ္ပဏီ (၂)ခုမှထီများကို ရောင်းချပေးပြီး နေ့ထူးနေ့မြတ်များနှင့် လပြည့်နေ့များတွင် ရောင်းကောင်းပြီး ကျိုင်းတုံမြို့ရှိ အစိုးရဝန်ထမ်းများကိုသာ အဓိကရောင်းချရကြောင်း၎င်းထံမှသိရသည်။


"ဒီက တိုင်းရင်းသားအများစုက မြန်မာထီကို သိပ်မယုံကြဘူး။ အရင်တုန်းက ထီဘူးတွေကို တစ်ဘူး(၃၀,ဝဝဝ)ကျပ်နဲ့ ရပ်ကွက်တွေထဲလှည့်ပြီး မပေါက်တာ မရှိဘူးဆိုပြီး လိမ်ရောင်းခံရတာတွေရှိတယ်၊ အဲ့ဒါကြောင့် ဒီကတိုင်းရင်းသားတွေက မယုံကြတော့ဘူး။ ပြီးရင် ထိုင်းထီတွေက (၁၅)ရက်တစ်ခါ ထွက်တယ်၊ ပြီးရင် အခုပေါက်ရင် အခုလျော်ပေးတယ်။ မြန်မာထီတွေက ပေါက်ရင်တောင် လက်မှတ်ပျောက်ရင် မရဘူးလေ၊ အဲဒါကြောင့် ဒီကလူတွေက မြန်မာထီကို မထိုးကြဘူး"ဟု ကျိုင်းတုံဒေသခံ ဒေါ်ဥမ္မာအောင်က ပြောသည်။

ကျိုင်းတုံမြို့တွင် လစဉ် ကျပ်(၅)သောင်းနှင့် (၁)သိန်း ကံထူးရှင်(၁၀)ဦးမှ (၁၅)ဦးအထိ ပေါ်ထွက်လျှက်ရှိပြီး ထီအရောင်းဆိုင်ပေါင်း (၅)ဆိုင် အပြင် သုံးဘီးဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသူ(၂)ဦးနှင့် ကားဖြင့်လှည့်လည် ရောင်းချသူ(၁)ဦးရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles