Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နမ့်ဆန်မီးဘေးသင့် ပြည်သူများအတွက် တာချီလိတ် စေတနာရှင်များ ပူးပေါင်းလှူဒါန်း

$
0
0
တာချီလိတ်မြို့ရှိ "ကျော်"အလူမီနီယံအဖွဲ့မှ ကောက်ခံရရှိသော အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများကို ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဦးစီးသည့် အန္တဂုဏ်ရည်ပရဟိတအဖွဲ့ထံသို့ ဖေဖော်ဝါရီလ(၁၁)ရက် ညနေပိုင်းက တစ်ဆင့် ပြန်လည် လှူဒါန်းလိုက်ကြောင်း သိရသည်။


"ကျွန်တော်တို့ ရှမ်းပြည်အလယ်ပိုင်း စစ်ဘေးသင့် ဒေသအတွက် ကောက်ခံရရှိထားတာကို အခု နမ့်ဆန်မီးဘေးမှာ အရေးကြုံလာလို့ စုပေါင်းပြီး လှူလိုက်တာပါ၊ လိုအပ်တဲ့နေရာလည်း ဖြစ်နေတဲ့ အတွက်ကြောင့်ပါ"ဟု လာရောက်လှူဒါန်းသည့် အဖွဲ့က ဆိုသည်။

"ကျော်"အလူမီနီယံအဖွဲ့မှ ရှမ်းပြည်နယ် အလယ်ပိုင်း စစ်ဘေးသင့်ဒေသအတွက် ကောက်ခံရရှိထားသည့် မြန်မာကျပ်ငွေ ( ၁၅၃၅၀၀ )ကျပ် နှင့် ထိုင်းဘတ်ငွေ ( ၁၀၁၅၀ )ဘတ် အပါအ၀င် အ၀တ်အစား ထုပ်များနှင့် မာမားခေါက်ဆွဲဖာများကို တာချီလိတ်မြို့ရှိ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်ရှိ အနန္တဂုဏ်ရည်ပရဟိတအဖွဲ့၏ အလှူခံဌာနသို့ ပေးအပ်လှူဒါန်းရာ အဖွဲ့သားများက မီးဘေးသင့် ပြည်သူများကိုယ်စား လက်ခံခဲ့ကြခြင်း ဖြစ်သည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက မဟာဂန္ထ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစနက ဦးစီးပြီး ဒေသအုပ်ချုပ်ရေး အကြီးအကဲများမှ ကြီးကြပ်ကာ စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် တန်ဖိုးငွေ ကျပ်သိန်း (၄၀၀)ကျော် ရှိ ထောက်ပံ့ပစ္စည်းများကို ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရန် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ်စေတနာရှင်များ ကိုယ်စားပြုကာ ထွက်ခွာသွားပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရောက်ရှိကာ လက်ဝယ်အရောက် လှူဒါန်းခဲ့ပြီးကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>