Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေး

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အခြေအနေများအား မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီလ(၁၁)ရက် နံနက်ပိုင်းက လိုက်လံစစ်ဆေးနေကြောင်း သိရသည်။


အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များ အဝင်အထွက် လွယ်ကူစေရန် လမ်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ လမ်းပေါ်၌ အုပ်မိုးနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းပေးရန် အိမ်ရှင်များအား ရှင်းလင်းပြောဆိုခြင်း၊ ရေအလွယ်တကူရှိနိုင်စေရန် ရေလှောင်ကန်များအား လှည့်လည်စစ်ဆေးခြင်းနှင့် ထင်းမီး သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးကြခြင်းဖြစ်သည်။


အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များ အဝင်အထွက် လွယ်ကူစေရန် လမ်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ လမ်းပေါ်၌ အုပ်မိုးနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းပေးရန် အိမ်ရှင်များအား ရှင်းလင်းပြောဆိုခြင်း၊ ရေအလွယ်တကူရှိနိုင်စေရန် ရေလှောင်ကန်များအား လှည့်လည်စစ်ဆေးခြင်းနှင့် ထင်းမီး သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးကြခြင်းဖြစ်သည်။


ယင်းအပြင် လျှပ်စစ်ဝါယာကြိုး များအား စနစ်တကျထားရှိရေး၊ မြေကွက်လပ်များတွင် အမှိုက်များအား စနစ်တကျမီးရှို့ခြင်းနှင့် ယခင် ဓာတ်ဆီ၊ ဒီဇယ်ဆီများရောင်းချသော ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ရပ်ကွက်အတွင်း လောင်စာဆီ ရောင်းချမှု မလုပ်ဆောင်ရန် တားမြစ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး မြို့နယ်တွင်း မီးသတ်ကား အလွယ်တကူ မဝင်ထွက်နိုင်အောင် ကျဉ်းမြောင်းနေသည့် လမ်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းနှင့် စည်ပင်သာယာရေးဌာနတို့ထံ အဆင့်ဆင့်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဈေးတန်း(ကွက်သစ်) ရပ်ကွက်အတွင်း မီးဘေးကင်းစင်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအ၀င် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးတာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ/သတင်း။  ။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>