Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွမ္းျပည္နယ္၏ ဒုတိယအႀကိမ္ လႊတ္ေတာ္တြင္ ဥကၠဌ ႏွင့္ ဒုတိယဥကၠဌမ်ားအား USDP မွ ေရြးခ်ယ္ခံရ

$
0
0

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ဥကၠဌ ႏွင့္ ဒုတိယဥကၠဌ တာ၀န္မ်ားအား ျပည္ေထာင္စုႀကံ႕ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ( USDP )မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးကို တက္ေရာက္လာသူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက မဲေပးေရြးခ်ယ္ကာ တာဝန္ေပးလိုက္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဥကၠဌတာ၀န္အတြက္ ျပည္ခိုင္ၿဖဳိးပါတီက ဦးစိုင္းလံုဆိုင္ နဲ႕ SNLD က ဦးစိုင္းေက်ာ္သိန္းတို႔ ၀င္အေရြးခံတယ္။ ဦးစိုင္းလံုဆိုင္က (၈၈)မဲ၊ ဦးစိုင္းေက်ာ္သိန္းက (၄၈)မဲနဲ႔ဆိုေတာ့ ဦးစိုင္းလံုဆိုင္က ဥကၠဌ ေနရာကို ရသြားတယ္"ဟု NLD ပါတီမွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဒုတိယ ဥကၠဌ ေနရာအတြက္ လက္ရွိ ၀န္ႀကီးခ်ဳပ္တာ၀န္ယူထားသည့္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးစ၀္ေအာင္ျမတ္ႏွင့္ SNLD မွ ေဒၚခင္ထားရီတို႔ ၀င္ေရာက္ေရြးခ်ယ္ခံရာ ေဒၚခင္ထားရီက (၄၅)မဲရရွိၿပီး ဦးစ၀္ေအာင္ျမတ္က (၈၄)မဲျဖင့္ ျပည္နယ္လႊတ္ေတာ္၏ ဒုတိယဥကၠဌ တာ၀န္အား ရရွိသြားေၾကာင္း သိရသည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝးအား၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔တြင္ က်င္းပရာ သဘာပတိအျဖစ္ ေလာက္ကိုင္ မဲဆႏၵနယ္(၁)မွ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၀င္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းထြဋ္က ေဆာင္ရြက္ေၾကာင္း သိရသည္။

"မဲေပးခြင့္က (၁၃၆)ဦးရွိတယ္၊ တကယ္တမ္းက (၁၃၇)ဦးရွိတာ တစ္ဦးပ်က္ကြက္တယ္၊ ဥကၠဌ တာ၀န္ေရြးေတာ့ ပယ္မဲမရွိဘူး၊ ဒုတိယဥကၠဌ တာ၀န္ေရြးေတာ့ မဲမေပးတာက (၆)ဦး နဲ႔ ပယ္မဲ(၁)မဲရွိတယ္"ဟု ၎မွ ထပ္မံ ေျပာၾကားသည္။

ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ ဥကၠဌအျဖစ္ တာဝန္ယူမည့္ ဦးစိုင္းလံုဆိုင္သည္ က်ဳိင္းတံုမဲဆႏၵနယ္မွ အႏိုင္ရခဲ့ျခင္းရာ ပထမအႀကိမ္လႊတ္ေတာ္တြင္လည္း ျပည္နယ္လႊတ္ေတာ္ဥကၠဌ တာ၀န္ကို ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ဒုတိယ လႊတ္ေတာ္ဥကၠဌအျဖစ္ တာဝန္ယူမည့္ ဦးစ၀္ေအာင္ျမတ္သည္ လက္ရွိတြင္ ျပည္နယ္၀န္ႀကီးခ်ဳပ္ တာ၀န္ယူထားသူ ျဖစ္သည္။

ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ မဲေပးခြင့္ရိွသူ ကိုယ္စားလွယ္ဦးေရ(၁၃၇)ဦးရွိသည့္အနက္ တစ္ဦးပ်က္ကြက္သျဖင့္ ကိုယ္စားလွယ္ (၁၃၆)ဦးက ဥကၠဌႏွင့္ ဒုဥကၠဌတို႔အား ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဥကၠဌ တာ၀န္ေရြးခ်ယ္ရာတြင္ ပယ္မဲမရိွေသာ္လည္း ဒုတိယဥကၠဌေရြးခ်ယ္ရာတြင္ မဲမေပးသူ (၆)ဦးႏွင့္ ပယ္မဲ(၁)မဲရွိေၾကာင္း သိရသည္။
**************************

( unicode )

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် ဥက္ကဌ နှင့် ဒုတိယဥက္ကဌ တာဝန်များအား ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP )မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို တက်ရောက်လာသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်ကာ တာဝန်ပေးလိုက်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်လွှတ်တော်၏ ဥက္ကဌတာဝန်အတွက် ပြည်ခိုင်ဖြိုးပါတီက ဦးစိုင်းလုံဆိုင် နဲ့ SNLD က ဦးစိုင်းကျော်သိန်းတို့ ဝင်အရွေးခံတယ်။ ဦးစိုင်းလုံဆိုင်က (၈၈)မဲ၊ ဦးစိုင်းကျော်သိန်းက (၄၈)မဲနဲ့ဆိုတော့ ဦးစိုင်းလုံဆိုင်က ဥက္ကဌ နေရာကို ရသွားတယ်"ဟု NLD ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယ ဥက္ကဌ နေရာအတွက် လက်ရှိ ဝန်ကြီးချုပ်တာဝန်ယူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစဝ်အောင်မြတ်နှင့် SNLD မှ ဒေါ်ခင်ထားရီတို့ ဝင်ရောက်ရွေးချယ်ခံရာ ဒေါ်ခင်ထားရီက (၄၅)မဲရရှိပြီး ဦးစဝ်အောင်မြတ်က (၈၄)မဲဖြင့် ပြည်နယ်လွှတ်တော်၏ ဒုတိယဥက္ကဌ တာဝန်အား ရရှိသွားကြောင်း သိရသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ကျင်းပရာ သဘာပတိအဖြစ် လောက်ကိုင် မဲဆန္ဒနယ်(၁)မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းထွဋ်က ဆောင်ရွက်ကြောင်း သိရသည်။

"မဲပေးခွင့်က (၁၃၆)ဦးရှိတယ်၊ တကယ်တမ်းက (၁၃၇)ဦးရှိတာ တစ်ဦးပျက်ကွက်တယ်၊ ဥက္ကဌ တာဝန်ရွေးတော့ ပယ်မဲမရှိဘူး၊ ဒုတိယဥက္ကဌ တာဝန်ရွေးတော့ မဲမပေးတာက (၆)ဦး နဲ့ ပယ်မဲ(၁)မဲရှိတယ်"ဟု၎င်းမှ ထပ်မံ ပြောကြားသည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် တာဝန်ယူမည့် ဦးစိုင်းလုံဆိုင်သည် ကျိုင်းတုံမဲဆန္ဒနယ်မှ အနိုင်ရခဲ့ခြင်းရာ ပထမအကြိမ်လွှတ်တော်တွင်လည်း ပြည်နယ်လွှတ်တော်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒုတိယ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူမည့် ဦးစဝ်အောင်မြတ်သည် လက်ရှိတွင် ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူထားသူ ဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် မဲပေးခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ(၁၃၇)ဦးရှိသည့်အနက် တစ်ဦးပျက်ကွက်သဖြင့် ကိုယ်စားလှယ် (၁၃၆)ဦးက ဥက္ကဌနှင့် ဒုဥက္ကဌတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥက္ကဌ တာဝန်ရွေးချယ်ရာတွင် ပယ်မဲမရှိသော်လည်း ဒုတိယဥက္ကဌရွေးချယ်ရာတွင် မဲမပေးသူ (၆)ဦးနှင့် ပယ်မဲ(၁)မဲရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>