Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်ထောင်စုနေ့ အထိမ်းအမှတ် တာချီလိတ်၌ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပမည်

$
0
0

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲအား အသင်း(၁၀)သင်းဖြင့် တာချီလိတ်မြို့၊ မိုးလုံလေလုံ အားကစားခန်းမတွင် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

"အသင်းက (၁၀)သင်း အားလုံးကို ပွဲဖြစ်မြောက်ရေးကော်မတီက အင်္ကျီပေးမှာပါ၊ ဆုငွေတွေလည်း ကော်မတီကပဲပေးမှာ၊ ဆုပေးတာကိုတော့ ပြည်ထောင်စုနေ့မှာပေးမှာ"ဟု ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးဇေယျာအောင်က ပြောသည်။

ပြိုင်ပွဲတွင် ယခင်ပွဲစဉ်များ၌ စည်းကမ်းမလိုက်နာသည့် အားကစားသမားများနှင့် အား/ကာမှ ကစားခွင့် ပိတ်ပင်ထားသည့် ကစားသမားများ ၀င်ခွင့်ပြုမည် မဟုတ်ကြောင်းကို ၎င်းထံမှ သိရသည်။

ဆုကြေးငွေများအား ပထမဆု ကျပ်(၂)သိန်း၊ ဒုတိယဆု ကျပ်(၁)သိန်း၊ တတိယဆု ကျပ်(၇)သောင်း စသည်ဖြင့် အသီးသီး သတ်မှတ်ကာ ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>