Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်၌ ကျပ်သိန်း(၉၀) ကုန်ကျသည့် ကွန်ကရစ်လမ်းအား ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကာ ဖွင့်လှစ်

$
0
0
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ ဈေးတန်း(ကွက်သစ်)ရပ်ကွက်၌ အကျယ်(၁၂)ပေ၊ အရှည် (၇၀၀)ပေ ကွန်ကရစ်လမ်းအား ခင်းကျင်းပြီးစီးခြင်းအနေဖြင့် ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းက လမ်းဖွင့်ပွဲ ကျင်းပသည်။

“ အခုလို လမ်းကောင်းအောင် ပြုပြင်ပေးတာ ကျေးဇူးတင်ပါတယ်။ တခြားမလုပ်ရသေးတဲ့ လမ်းတွေကိုလည်း ပြင်ပေးစေချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။


အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနခွဲ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကင်းထောက်လူငယ်များ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။


အဆိုပါ ကွန်ကရစ်လမ်းအား မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေမှ ကျပ်သိန်းကိုးဆယ် အကုန်အကျခံကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး(အမှုဆောင်အရာရှိ) ဦးဝင်းနိုင်ဦးထံမှ သိရသည်။

ဓါတ်ပုံ/သတင်း။  ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>