Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်၌ လိုင်စင်အမျိုးအစား(၆)မျိုး ဈေးပြိုင်လေလံ ရောင်းချမှု ပြီးစီး

$
0
0
မိုင်းဖြတ်မြို့နယ်၏  ၂၀၁၆ -၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချကြောင်း သိရသည်။



လေလံရောင်းချပွဲတွင် မြို့ဝင်ဘီးကောက်အား ဦးစိုင်းကံ (သော်တာဝင်းကုမ္ပဏီ) မှ ကျပ်(၁၁,၁၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ မြို့မဈေးကောက် ကို ဒေါ်စောခင် (ငွေဘူးသီး ကုမ္ပဏီ)မှ ကျပ်(၁၆,၀၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ လမ်းဘေးဈေးကောက်ကို ဒေါ်စောခင် (ငွေဘူးသီး ကုမ္ပဏီ)မှ ကျပ်(၁,၀၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ အပေါင်ဆိုင်ကို ဒေါ်သီတာဝင်း မှ ကျပ်(၁,၉၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ စက်ဘီး ဆိုင်ကယ် အပ်နှံဂိတ်ကို ဦးဌေးဝင်း မှ ကျပ်(၁,၄၅၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ ကျွဲ နွား ပွဲဈေးကို ဦးလှိုင်ဝင်းဆွေ မှ ကျပ်(၃,၂၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း အသီးသီး လေလံအောင်သွားကြောင်း သိရသည်။



လေလံပွဲအား ကြမ်းခင်းဈေးအဖြစ် မြို့မ ဈေးကောက်လိုင်စင်ကို ကျပ်(၁၄၉.၁၀)သိန်း၊ လမ်းဘေး ပျံကျဈေးကောက်လိုင်စင်ကို ကျပ်(၉.၅၀)သိန်း၊ ဆိုင်ကယ်အပ်နှံဂိတ် လိုင်စင်ကို ကျပ်(၁၃.၈၀)သိန်း၊ ကျွဲ၊ နွား၊ ပွဲဈေးလိုင်စင် ကျပ်(၂၁.၀၀)သိန်း၊ အပေါင်ဆိုင်လိုင်စင်ကို ကျပ်(၁၂.၉၀)သိန်းနှင့် မြို့ဝင်ဘီးကောက်အား ကျပ်(၁၀၉.၂၀)သိန်းဖြင့် လေလံတင်ခဲ့ကြောင်း သိရသည်။




လိုင်စင် အမျိုးအစား (၆)မျိုး ပါဝင်သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင် ဈေးပြိုင်လေလံရောင်းချခြင်း အခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမြို့မှ လ/ထညွှန်ကြားရေးမှူး ဒေါ်တင်တင်မေ၊ မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကောက်မတီ ဥက္ကဌ ဦးထွန်းရွှေ၊ အတွင်းရေးမှူး ဦးဝင်းနိုင်ဦး(အမှုဆောင်အရာရှိ) နှင့် ကော်မတီဝင်များ၊ လေလံလိုင်စင်ဆွဲဝယ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း။  ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>