Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ အနီအောက်ရောင်ခြည်ဖြင့် အခမဲ့ ကုသပေးနေသည့် စက်များ ရောင်းအား ပုံမှန်ရှိ

$
0
0
ကျိုင်းတုံမြို့တွင် ကျန်းမာရေး အထောက်အကူပြု အနီအောက်ရောင်ခြည်ဖြင့် အခမဲ့ ကုသပေးနေသည့် စက်များ ရောင်းအားပုံမှန်ရှိနေကြောင်း CERAGEM ကုမ္ပဏီမှ သိရသည်။

"ကျွန်တော်တို့ရဲ့ CERAGEM ကုမ္ပဏီက ရောင်းချပေးနေတဲ့ ကျန်းမာရေး အထောက်အကူပြုစက်တွေကို ကိုးရီးယားနိုင်ငံကနေ ထုတ်လုပ်တာဖြစ်ပါတယ်။


ဒီစက်တွေက ကျောက်စိမ်းကထွက်တဲ့ အနီအောက်ရောင်ခြည်နဲ့ ကျောရိုးမကြီးကို ကုသပြီးတော့ သွေးသားတွေကို သန့်စင်စေပြီး အခြားရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးတာပါ"ဟု ကျိုင်းတုံ CERAGEMမှတာဝန်ခံ ကိုဇော်ဇော်အောင်က ပြောသည်။

CERAGEMမှ ထုတ်လုပ်သောစက်များမှာ အမျိုးအစားသုံးမျိုးရှိပြီး ဈေးနှုန်းများမှာ (၃၆)သိန်း(Auto ခေါင်းမှခြေထိ Heaterပါဝင် )၊ (၂၇)သိန်း(Auto ခေါင်းမှခါးထိ Heaterပါဝင်) နှင့် (၁၃)သိန်း(Manual) တို့ဖြစ်ကြသည်။


 အဆိုပါစက်များကို စတင်ရောင်းချသည့် ကာလအတွင်း စက်ပေါင်းအလုံး (၂၀)ထိ ရောင်းချခဲ့ရပြီး ဈေးကွက်မှာ ပုံမှန်သာရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါစက်များမှာ ဈေးနှူန်းမြင့်မားသည့်အတွက် လူတန်းစားမရွေး ကုသမှုခံယူနိုင်ရန် ကျိုင်းတုံတွင် ကျန်းမာရေး Centre ကို ဖွင့်လှစ်ကာ အခမဲ့ဝန်ဆောင်မှုပါ ပေးနေကြောင်း ၎င်းထံမှ သိရသည်။


"ကျွန်မက နှလုံးသွေးကြောကျဉ်းနေလို့ ဒီမှာကုသမှုခံယူနေတာ (၁)လကျော်နေပါပြီ။ ဒီမှာကုသပြီးနောက်ပိုင်း နေလို့ အတော်ကောင်းလာပြီး ကျွန်မရဲ့ကျန်းမာရေး အခြေအနေ တိုးတက်လာပါတယ်"ဟု လာရောက်ကုသသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုစက်များဖြင့် ကုသခြင်းသည် မည်သည့် ဘေးထွက် ဆိုးကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်းနှင့် လာရောက်ကုသစဉ် သွေးမှ အညစ်အကြေးများ ထွက်သွားမည်ဖြစ်သဖြင့် တုန့်ပြန်မှုအဖြစ် နာကျင်မှု အနည်းငယ်သာ ခံစားရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း။  ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>