Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံတက္ကသိုလ်တွင် ဈေးရောင်းပွဲတော်ကျင်းပ

$
0
0
ကျိုင်းတုံတက္ကသိုလ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၏ ဈေးရောင်းပွဲတော်ကို ယနေ့ ဇန်န၀ါရီလ (၂၈)ရက်နေ့ နံနက်(၉)နာရီတွင် ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။


"ဆရာမတို့ မေဂျာက ဒီဈေးရောင်းပွဲက ရလာတဲ့ အကျိုးအမြတ်တွေကို ပြည်ထောင်စုနေ့ တိုင်းရင်းသား ရိုးရာကပွဲနဲ့ ကျောင်းအားကစားပွဲတွေအတွက် အသုံးပြုသွားမှာပါ"ဟု ရူပဗေဒမေဂျာမှ ဆရာမ ဒေါ်ညိုညိုဝင်းက ပြောသည်။


ဈေးရောင်းပွဲတော်အတွင်း မေဂျာပေါင်းစုံမှ အစားအသောက်များ ရောင်းချခြင်း၊ Game အစီအစဉ်များ၊ ကံစမ်းမဲ အစီအစဉ်များနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းကာ ပြုလုပ်ခဲ့ကြသည်။


ကျိုင်းတုံတက္ကသိုလ်တွင် မေဂျာပေါင်း(၁၂)ခုရှိပြီး ကျိုင်းတုံ၊ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းဆက်၊ မိုင်းခတ် စသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များမှ ကျောင်းသား၊ ကျောင်းသူများ လာရောက် ပညာသင်ယူနေကြကြောင်း သိရသည်။



အဆိုပါ ကျိုင်းတုံတက္ကသိုလ် ဈေးရောင်းပွဲတော်ကို ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးနှင့်တကွ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြင် အခြားတက္ကသိုလ်များမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။  ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>