Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် စည်ပင်မှ လေလံရောင်းချမှုအား ရက်ပြောင်းလဲ သတ်မှတ်

$
0
0

၂၀၁၆ - ၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ပထမအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို ဇန်န၀ါရီလ(၂၈)ရက်နေ့တွင် ပြုလုပ်ရန်အတွက် ရက်သတ်မှတ်ခဲ့ရာမှ ယခုအခါမှာ ရက်ပြောင်းလဲ သတ်မှတ်လိုက်ပြီး ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် လေလံလျှောက်လွှာခေါ်ယူမှုအဖြစ် နောက်ဆုံး သတ်မှတ်ထားပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အောင်မြတ်ခန်းမ၌ နံနက်(၉)နာရီ အချိန်မှာ ဈေးပြိုင်လေလံရောင်းချ ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ဈေးပြိုင်လေလံရောင်းချမှုတွင် လုပ်ငန်း (၁၇)ခု ပါဝင်ပြီး အပေါင်ဆိုင်(၁၁)ဆိုင်၊ ဘီးကောက်(၂)ခု၊ ဈေးကိစ္စနှင့် ပတ်သက်၍ (၄)ခု ဖြစ်ကြောင်း နှင့် လေလံကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးသို့ လာရောက် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် ဖုန်းဖြင့်လည်း 084-51974 နှင့် 084-51035 သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles