Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္၌ ခိုးသူမ်ား အတင့္ရဲ၊ အနည္းငယ္သာ ဖမ္းမိေသး

$
0
0

တာခ်ီလိတ္ၿမိဳ႕တြင္ ကြမ္းယာဆိုင္မွ ေဆးလိပ္ႏွင့္ မုန္႔မ်ား ခိုးယူသူႏွစ္ဦးအား ဖမ္းဆီး အမႈဖြင့္လိုက္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ဇန္းမြန္ဟိုတယ္ အေနာက္ဖက္လမ္းမွာ ရွိတဲဲ့  ေစ်းဆိုင္အတြင္းမွာ လူႏွစ္ဦး ဆိုင္ကယ္ တစ္စီးနဲ႔ မသကၤာဖြယ္ ေတြ႕ရွိလို႔ ဟိုတယ္လံုၿခံဳေရးေတြက ၀ိုင္းဖမ္းေတာ့ တစ္ေယာက္က ထြက္ေျပးရင္း အရိုးအသြား (၁၂)လက္မရွိတဲ့ ဓားနဲ႔ ဟိုတယ္လံုၿခံဳေရးေတြကို ျပန္ၿပီး တိုက္ခိုက္လို႔ ခုခံကာကြယ္ၿပီး ဖမ္းဆီးလိုက္ရတယ္၊ သူတို႔ႏွစ္ေယာက္လံုးကို ခဏ ထိန္းသိမ္းထားၿပီး ရဲလက္ကို အပ္လိုက္ပါတယ္.."ဟု ဟိုတယ္လံုၿခံဳေရး ၀န္ထမ္းတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ ဇန္းမြန္အာခါဟိုတယ္အနီး ဇန္န၀ါရီလ(၂၃)ရက္ေန႔ နံနက္တြင္ ကြမ္းယာဆိုင္မွ မုန္႔ႏွင့္ေဆးလိပ္မ်ား ခိုးယူေနသူ (၂)ဦးအား ေတြ႕ရွိၿပီး သက္ဆိုင္ရာသို႔ အေၾကာင္းၾကားသျဖင့္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွသိရသည္။

"ဒီေကာင္ေလးေတြ အရင္က ခိုးမႈနဲ႔ ေထာင္က်ဖူးတယ္၊ အခုလည္း ကြမ္းယာဆိုင္က ပစၥည္းခိုးေနလို႔ ဖမ္းထားတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းမွတ္တမ္း တပ္ၾကပ္ႀကီးစိုးမင္းမင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ မ်ိဳးလြင္ဦးစီးေသာ တပ္ဖြဲ႕၀င္မ်ားက ခိုးရာပါ ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ (၂)ဦးအား သက္ေသမ်ားေရွ႕တြင္ သက္ေသခံပစၥည္း wave ဆိုင္ကယ္ႏွင့္အတူ မုန္႔ႏွင့္ေဆးလိပ္မ်ားသိမ္းဆည္း ထားရွိေၾကာင္း သိရသည္။

"ဟိုတယ္က ၀န္ထမ္းေတြရဲ႕ ဆိုင္ကယ္လည္း ခဏခဏ ေပ်ာက္တယ္၊ လြန္ခဲ့တဲ့ (၄)လေလာက္ကလည္း လိုင္စင္ပါတဲ့ ဆိုင္ကယ္တစ္စီး ေပ်ာက္သြားေသးတယ္၊ ရဲစခန္းတိုင္ေတာ့လည္း ျပန္မေတြ႕ဘူး၊ ေနာက္ထပ္ တစ္လေလာက္ ေနေတာ့ ေနာက္တစ္စီး ထပ္ေပ်ာက္တယ္.."ဟု ၎မွ ဆိုသည္။

အဆိုပါ အမႈအား တာခ်ီလိိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၈၀ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
*******************

( unicode )


တာချီလိတ်မြို့တွင် ကွမ်းယာဆိုင်မှ ဆေးလိပ်နှင့် မုန့်များ ခိုးယူသူနှစ်ဦးအား ဖမ်းဆီး အမှုဖွင့်လိုက်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ဇန်းမွန်ဟိုတယ် အနောက်ဖက်လမ်းမှာ ရှိတဲ့ ဈေးဆိုင်အတွင်းမှာ လူနှစ်ဦး ဆိုင်ကယ် တစ်စီးနဲ့ မသင်္ကာဖွယ် တွေ့ရှိလို့ ဟိုတယ်လုံခြုံရေးတွေက ဝိုင်းဖမ်းတော့ တစ်ယောက်က ထွက်ပြေးရင်း အရိုးအသွား (၁၂)လက်မရှိတဲ့ ဓားနဲ့ ဟိုတယ်လုံခြုံရေးတွေကို ပြန်ပြီး တိုက်ခိုက်လို့ ခုခံကာကွယ်ပြီး ဖမ်းဆီးလိုက်ရတယ်၊ သူတို့နှစ်ယောက်လုံးကို ခဏ ထိန်းသိမ်းထားပြီး ရဲလက်ကို အပ်လိုက်ပါတယ်.."ဟု ဟိုတယ်လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

တာချီလိတ် ဇန်းမွန်အာခါဟိုတယ်အနီး ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်တွင် ကွမ်းယာဆိုင်မှ မုန့်နှင့်ဆေးလိပ်များ ခိုးယူနေသူ (၂)ဦးအား တွေ့ရှိပြီး သက်ဆိုင်ရာသို့ အကြောင်းကြားသဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းမှသိရသည်။

"ဒီကောင်လေးတွေ အရင်က ခိုးမှုနဲ့ ထောင်ကျဖူးတယ်၊ အခုလည်း ကွမ်းယာဆိုင်က ပစ္စည်းခိုးနေလို့ ဖမ်းထားတာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းမှတ်တမ်း တပ်ကြပ်ကြီးစိုးမင်းမင်းက ပြောသည်။

တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ် မျိုးလွင်ဦးစီးသော တပ်ဖွဲ့ဝင်များက ခိုးရာပါ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ (၂)ဦးအား သက်သေများရှေ့တွင် သက်သေခံပစ္စည်း wave ဆိုင်ကယ်နှင့်အတူ မုန့်နှင့်ဆေးလိပ်များသိမ်းဆည်း ထားရှိကြောင်း သိရသည်။

"ဟိုတယ်က ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်လည်း ခဏခဏ ပျောက်တယ်၊ လွန်ခဲ့တဲ့ (၄)လလောက်ကလည်း လိုင်စင်ပါတဲ့ ဆိုင်ကယ်တစ်စီး ပျောက်သွားသေးတယ်၊ ရဲစခန်းတိုင်တော့လည်း ပြန်မတွေ့ဘူး၊ နောက်ထပ် တစ်လလောက် နေတော့ နောက်တစ်စီး ထပ်ပျောက်တယ်.."ဟု၎င်းမှ ဆိုသည်။

အဆိုပါ အမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


အေလာင္းမင္းတရားမွ ဟံသာ၀တီပဲခူးကို သိမ္းပုိက္ႏုိင္ျခင္း


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>