Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

"ကျင်းလုံ"ဟိုတယ်မှ နှစ်သစ်ကူး အထူးအစီအစဉ် အထူးဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေး ( ကြော်ငြာ )

$
0
0
ပြည်တွင်း၊ ပြည်ပကပဲဖြစ်ဖြစ် ဒေသခံပဲဖြစ်ဖြစ် ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်ရန် တာချီလိတ်မှာ ဟိုတယ်များကို ရွေးချယ်ဖို့ အခက်တွေ့နေကြသူများ အတွက် တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာ ၀န်ဆောင်မှု အဖြစ် "ကျင်းလုံ"ဟိုတယ် နဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။





"ကျင်းလုံ"ဟိုတယ်ဟာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် မိုင်းယွန်းဆီပန့် အနောက်ဘက်မှာ တည်ရှိပြီး၊ လေယာဉ်ကွင်းကို သွားမယ်ဆိုရင် အချိန်(၁၀)မိနစ်အတွင်း ရောက်ရှိမှာဖြစ်ပြီးတော့ အမှတ်(၁)ချစ်ကြည်ရေး တံတားကို သွားမယ်ဆိုရင် (၂၀)မိနစ်သာ ကြာမြင့်မဲ့ နေရာမှာ တည်ရှိနေတာကြောင့် လာရောက် တည်းခိုသူများအတွက် အဆင်ပြေစေမဲ့ ဟိုတယ်တစ်ခုဖြစ်စေပါတယ်။



ဟိုတယ်မှ အခြားသို့ သွားရေးလာရေး
ဒေသခံမဟုတ်ဘဲ၊ ရပ်ဝေးမှ လာရောက်တည်းခိုပြီး ဟိုတယ်မှ အခြားနေရာသို့ သွားသည့် အခါပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလည်သွားရန် အမှတ်(၁)တံတားသို့ သွားလို၍ပဲ ဖြစ်ဖြစ်၊ လေဆိပ် ကြိုပို့ပဲ ဖြစ်ဖြစ် အခက်တွေ့နေမယ် ဆိုရင်တော့ ဟိုတယ်မှ မော်တော်ယာဉ်ဖြင့် လိုက်ပါ ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။



"ကျင်းလုံ"ဟိုတယ်ကို ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့က ဖွင့်လှစ်ထားတာ ဖြစ်ပြီး၊ အခန်းပေါင်း (၅၂)ခန်းရှိတဲ့ (၃)ထပ်ခွဲ အဆင့်မြင့် ဟိုတယ်တစ်ခုဖြစ်သလို သန့်ရှင်းသပ်ရပ်မှုနဲ့အတူ ဧည့်ဝတ်ကျေပွန်ကြတဲ့ ၀န်ထမ်းများကြောင့်လည်း စိတ်ချမ်းမြေ့စေမှာ ဖြစ်ပါတယ်။



လာရောက်တည်းခိုသူများအတွက် ၀န်ဆောင်မှု
လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် (၂၄)နာရီ အခမဲ့ Wifi အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး၊ တည်းခိုသည့် အခန်းတိုင်းတွင် မိမိတို့၏ အဖိုးတန်ပစ္စည်းများကို စိတ်ချစွာ သိမ်းဆည်းနိုင်ရန်အတွက် မီးခံသေတ္တာများလည်း ထားရှိသည့်အပြင် ရေပူရေအေးများလည်း ပါရှိတာကြောင့် စိတ်မောပန်းမှုကို ပြေပျောက်စေနိုင်ပြီး ဟိုတယ်အစားအစာ အဖြစ် နံနက်စာကိုလည်း အခမဲ့ ဧည့်ခံပေးနေတာမို့ နံနက်စာအတွက် ပူစရာမလိုပါဘူး။




စိတ်အပန်းဖြေဖို့ သီချင်းဆိုစို့
ဟိုတယ်ကို မိသားစုဖြင့် လာရောက်၍ ဖြစ်စေ၊ သူငယ်ချင်းများနဲ့ လာရောက်၍ ဖြစ်စေ၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ မြန်မာ၊ ထိုင်း၊ တရုတ်၊ ရှမ်း၊ အင်္ဂလိပ် စတဲ့ သီချင်းပေါင်းစုံ သီဆိုနိုင်တဲ့ သန့်ရှင်းသပ်ရပ်ကာ အသံစနစ်ကောင်းမွန်တဲ့ ကာရာအိုကေခန်းများလည်းရှိပါတယ်။




ကျင်းလုံ ဟိုတယ်ရဲ့ ကာရာအိုကေခန်းမမှာ လာရောက်သီဆိုသူများအတွက်လည်း အဖျော်ယမကာများကို အခုလို စီစဉ်ပေးထားပါတယ်။


Myanmar Beer (3)လုံး ၀ယ်ယူပါက (၁)လုံးလက်ဆောင်၊
Leo Beer (3)လုံး ၀ယ်ယူပါက (၁)လုံးလက်ဆောင်၊
Heineken Beer (3)လုံး ၀ယ်ယူပါက (၁)လုံးလက်ဆောင်၊
Red Label (75cl) (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊
Red Label (1L) (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊
Black Label (75cl) (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊
Black Label (1L) (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊
Regency (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊
Bin 2 (၁)လုံးဝယ်လျှင်  (၁)လုံးလက်ဆောင်၊



ဟိုတယ်ကနေ မြင်ကွင်းလှတဲ့ သဘောဝရှုခင်းများကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ ဆူညံမှုကင်းတဲ့ နေရာမှာ တည်ရှိတာကြောင့် စိတ်အပန်းပြေစေမှာဖြစ်သလို လေကောင်း၊ လေသန့်လည်း ရရှိစေမှာလည်း ဖြစ်ပါတယ်။





ကျင်းလုံ ဟိုတယ်မှာ အခန်းပေါင်း (၅၂)ခန်းရှိပြီး တည်းခိုမှု နှုန်းထားများအနေနဲ့ ဈေးနှုန်းကို တသားတည်း သတ်မှတ်ထားတဲ့အပြင် နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၁)လလုံးကို အထူးဈေးနှုန်းဖြင့် သက်သာစွာ ၀န်ဆောင်မှုပေးနေလျှက်ရှိပါသည်။

ဟိုတယ်ရဲ့ တည်နေရာ နဲ့ ဆက်သွယ်ရန် လိပ်စာများကတော့
"ကျင်းလုံ ဟိုတယ်"
မိုင်းယွန်း ဆီပန့်အနောက်၊ ပါဆတ်ရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 09-264375811 ၊ ထိုင်းဖုန်း။  ။ 080-3797222, 098-7739910
Facebook: http://www.facebook.com/jinglonehotel
Email: jinglonehotel@gmail.com

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
1-1-2016-----1-1-2017


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>