Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ယာဥ္တိုက္မႈေၾကာင့္ တာခ်ီလိတ္၌ ရဲတပ္ၾကပ္တစ္ဦး ေသဆံုး

$
0
0
မိုင္းလင္းနယ္ေျမရဲကင္းမွ တာခ်ီလိတ္သို႔ ရဲတပ္ဖြဲ႕၀င္တစ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ ေဟြခိုက္ရြာဘက္မွ မယ္ယန္းရြာဘက္သို႔ ေမာင္းလာသည့္  ဆီေဘာက္ဆာ(Boxer)ကားတို႔ တိုက္မိၿပီး ရဲတပ္ဖြဲ႔၀င္ တစ္ဦး ေဆးရံုအေရာက္တြင္ ကြယ္လြန္သြားေၾကာင္း သိရသည္။


၂၀၁၆ ဇန္န၀ါရီ(၁)ရက္ေန႔ နံနက္(၁၁)နာရီေက်ာ္က တာခ်ီလိတ္ ၀မ္လံုးေက်းရြာအနီး ေဟြခိုက္ လမ္းေပၚတြင္ ဆီေဘာက္ဆာ(Boxer)ကား ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တုိ႔ တိုက္မိရာမွ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းလာသည့္ ရဲတပ္ဖြဲ႔၀င္တစ္ဦးမွာ ေသဆံုးသြားျခင္းျဖစ္သည္။


"နံနက္(၁၁)နာရီေလာက္က ဆီေဘာက္ဆာနဲ႔ တိုက္မိၾကတာပါ၊ အခု ရင္ခြဲရံုမွာ စစ္ေဆးခ်က္အရေတာ့ အသဲႏွစ္ျခမ္းကြဲသြားတယ္၊ ဦးေခါင္းထိသြားပါတယ္.."ဟု တာခ်ီလိတ္ နာေရးကူညီမႈအသင္းမွ မညိဳေထြးက ေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ နယ္ေျမရဲကင္းမွ ရဲတပ္ၾကပ္ တင္ေမာင္ေ၀ စီးနင္းလာေသာ HONDA Wave အမ်ိဳးအစား ေမာ္ေတာ္ဆိုင္ကယ္မွာ ေရွ႕ပိုင္းပ်က္စီးသြားၿပီး ဆီေဘာက္ဆာ ေမာင္းႏွင္လာေသာ ယာဥ္ေမာင္း ေဇာ္မင္းထြန္းအား ေမာ္ေတာ္ယာဥ္အား မိမိလက်္ာဘက္မွ ကပ္၍ ေမာင္းႏွင္ျခင္း မျပဳဘဲ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိ၍ လူေသဆံုးေစေအာင္တိုက္ခဲ့သျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  ယာဥ္(ပ)၁/၂၀၁၆၊ ျပစ္မႈပုဒ္မ(၃၀၄-က)ျဖင့္ အမႈဖြင့္လွစ္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဓါတ္ပံု။  ။ စိုင္းအြမ္ခမ္း( Oun Kham )
****************

( unicode )

မိုင်းလင်းနယ်မြေရဲကင်းမှ တာချီလိတ်သို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဟွေခိုက်ရွာဘက်မှ မယ်ယန်းရွာဘက်သို့ မောင်းလာသည့် ဆီဘောက်ဆာ(Boxer)ကားတို့ တိုက်မိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ဆေးရုံအရောက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

၂၀၁၆ ဇန်နဝါရီ(၁)ရက်နေ့ နံနက်(၁၁)နာရီကျော်က တာချီလိတ် ဝမ်လုံးကျေးရွာအနီး ဟွေခိုက် လမ်းပေါ်တွင် ဆီဘောက်ဆာ(Boxer)ကား နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ် မောင်းလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ သေဆုံးသွားခြင်းဖြစ်သည်။

"နံနက်(၁၁)နာရီလောက်က ဆီဘောက်ဆာနဲ့ တိုက်မိကြတာပါ၊ အခု ရင်ခွဲရုံမှာ စစ်ဆေးချက်အရတော့ အသဲနှစ်ခြမ်းကွဲသွားတယ်၊ ဦးခေါင်းထိသွားပါတယ်.."ဟု တာချီလိတ် နာရေးကူညီမှုအသင်းမှ မညိုထွေးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် နယ်မြေရဲကင်းမှ ရဲတပ်ကြပ် တင်မောငေ်ဝ စီးနင်းလာသော HONDA Wave အမျိုးအစား မော်တော်ဆိုင်ကယ်မှာ ရှေ့ပိုင်းပျက်စီးသွားပြီး ဆီဘောက်ဆာ မောင်းနှင်လာသော ယာဉ်မောင်း ဇော်မင်းထွန်းအား မော်တော်ယာဉ်အား မိမိလကျာ်ဘက်မှ ကပ်၍ မောင်းနှင်ခြင်း မပြုဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ၍ လူသေဆုံးစေအောင်တိုက်ခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုပုဒ်မ(၃၀၄-က)ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>