Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ဆန္ဒပြပွဲသည် နိုင်ငံရေးနှင့် ကင်းရှင်းကြောင်း ထိုင်းမီဒီယာများက ချေပထုတ်လွှင့်ပေး

$
0
0
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၂၆)ရက်နေ့က ပြည်သူ တစ်သောင်းကျော်ပါဝင်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ လက်ရှိ အစိုးရဘက်ကဟု ယူဆရသူ လူတစ်စုမှ လူမှုဆိုရှယ်နက်ဝေါ့များပေါ်တွင် ဝေဖန်ပုတ်ခတ်မှုများရှိခဲ့သောကြောင့် ထိုင်းနိုင်ငံတွင်း နိုင်ငံရေး ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် ထိုင်းသတင်းမီဒီယာများက ရုပ်သံနှင့် အခြားသော သတင်းမီဒီယာများမှ ထုတ်လွှင့်ပေးနေလျှက်ရှိကြောင်း သိရသည်။

TV News Thanks to now26.tv ( http://goo.gl/FOi92l )#TachileikNewsAgnecy www.tachileik.net
Posted by Tachileik News Agency on Tuesday, December 29, 2015
( ရုပ်သံ )




ထိုင်းနိုင်ငံ ကော့စမွေတရားရုံးက သေဒဏ်အမိန့်ချလိုက်သည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သော်လည်း တာချီလိတ်မြို့မှ ဒေသခံများ အလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့မှုသည် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်းအဖွဲ့မှ အထောက်အပံ့ဖြင့် နောက်ကွယ်မှ လှုံ့ဆော်ပေးနေသည်ဟု ပြောဆိုရေးသား ဝေဖန်နေမှုများရှိနေခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရေးသားဝေဖန်မှုများနှင့် ပတ်သက်၍ ထိုင်းသတင်းမီဒီယာများက မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးပျက်ပြားစေခြင်း နှင့် ပဋိပက္ခများ ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံသားနှစ်ဦး ကိစ္စကိုသာ အဓိက ထား၍ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း ရှင်းလင်းကာ သတင်းများ၌ ပြန်လည်ထုတ်လွှင့်နေကြကြောင်း သိရှိရသည်။

TV News Thanks to now26.tv ( http://goo.gl/FOi92l )

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>