Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္တြင္ သမၼတအမည္ကို သံုးၿပီး ေငြလိမ္လည္ေတာင္းဆို

$
0
0
ႏိုင္ငံေတာ္သမၼတ အမည္ကို အသံုးခ်ကာ ေငြလိမ္လည္ ေတာင္းဆိုမႈမ်ား ယေန႔အခ်ိန္ထိ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြားလွ်က္ရွိေၾကာင္း သိရသည္။

( KBZ Bank တြင္ ကပ္ထားသည့္ သတိေပးစာ )

"ႏိုင္ငံေတာ္ သမၼတႀကီးက ဆင္းရဲမြဲေတမႈ ေလ်ွာ့ခ်တဲ့ အေနနဲ႔ CDMA 450 ဖုန္းကတ္ကိုင္ေဆာင္တဲ့ သူေတြကို မဲႏႈိက္ေပးတာ မဲေပါက္တယ္။ ေငြကို လႊဲေပးဖို႔၊ အရင္ဆံုး အခြန္ေဆာင္ရမယ္။ ဘယ္ဘဏ္မွာ ဘယ္လို ေငြသြင္းေပးပါဆိုၿပီး ၿပီးခဲ့တဲ့ ေလးငါးရက္က ေျပာလာတာ။ အဲဒါနဲ႔ ဖုန္းကို ဆက္မေျပာေတာ့ပဲ ခ်လိုက္တာ"ဟု တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ေန ကိုျမင့္ေဇာ္ေအာင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၅ခုႏွစ္ စက္တင္ဘာလ အတြင္းကလည္း ထိုကဲ့သို႔ ျဖစ္စဥ္မ်ဳိး တစ္ရက္အတြင္း ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕ရွိ KBZ ဘဏ္ခြဲတြင္ ေငြလိမ္လည္မႈႏွင့္ ပတ္သက္၍ ျပည္သူမ်ားအား သတိေပးစာမ်ား ကပ္ေပးထားေၾကာင္း သိရသည္။

"ဒီလို ျဖစ္စဥ္မ်ဳိးက ရိုးသားသူေတြ အေပၚ လိမ္လည္တာမ်ားသလို ေလာဘစိတ္ရွိသူေတြလည္း ခံရတယ္။ KBZ Bank မွာ သတိေပးတဲ့ စာကပ္ထားတာေတြ႕တယ္။ အဲဒီလိုပဲ တာခ်ီလိတ္က ဘဏ္တိုင္းမွာလည္း ျပည္သူသတိေပး စာေလးေတြ ကပ္ထားေပးႏိုင္ရင္ ေကာင္းမယ္။ ဒါဆို လိမ္ခံရတဲ့ လူအေနနဲ႔ ဘဏ္ကို သြားၿပီး ေငြလႊဲမယ့္ အခါမွာလည္း ဘဏ္က ကယ္တင္ေပးႏုိင္ရာလည္း ေရာက္တာေပါ့"ဟု ၀မ္ေကာင္း ရပ္ကြက္ေန ကိုေက်ာ္လင္းက အႀကံျပဳသည္။

အဆိုပါ ျဖစ္စဥ္မ်ဳိးသည္ ၁၅၀၀ က်ပ္တန္ တန္ဖိုးနည္း ဖုန္းကတ္မ်ားကို မဲႏႈိက္ေပးသည့္ အခ်ိန္က ေရပန္းစားခဲ့ေသာ လိမ္လည္နည္းမ်ားျဖစ္ၿပီး ယေန႔အခ်ိန္ထိ ရိွေနဆဲျဖစ္သည္ဟု က်ဳိင္းတံုၿမိဳ႕မွ လိမ္လည္ခံခဲ့ရသူ တစ္ဦးက ဆိုသည္။

အဆိုပါျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ ယခုအခ်ိန္ထိ အမႈဖြင့္အေရးယူထားသူ မရိွေၾကာင္း သက္ဆိုင္ရာမွ သိရသည္။
*****************

( Unicode )
နိုင်ငံတော်သမ္မတ အမည်ကို အသုံးချကာ ငွေလိမ်လည် တောင်းဆိုမှုများ ယနေ့အချိန်ထိ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။


"နိုင်ငံတော် သမ္မတကြီးက ဆင်းရဲမွဲတေမှု လျှော့ချတဲ့ အနေနဲ့ CDMA 450 ဖုန်းကတ်ကိုင်ဆောင်တဲ့ သူတွေကို မဲနှိုက်ပေးတာ မဲပေါက်တယ်။ ငွေကို လွှဲပေးဖို့၊ အရင်ဆုံး အခွန်ဆောင်ရမယ်။ ဘယ်ဘဏ်မှာ ဘယ်လို ငွေသွင်းပေးပါဆိုပြီး ပြီးခဲ့တဲ့ လေးငါးရက်က ပြောလာတာ။ အဲဒါနဲ့ ဖုန်းကို ဆက်မပြောတော့ပဲ ချလိုက်တာ"ဟု တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်နေ ကိုမြင့်ဇော်အောင် ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ထိုကဲ့သို့ ဖြစ်စဉ်မျိုး တစ်ရက်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲတွင် ငွေလိမ်လည်မှုနှင့် ပတ်သက်၍ ပြည်သူများအား သတိပေးစာများ ကပ်ပေးထားကြောင်း သိရသည်။

"ဒီလို ဖြစ်စဉ်မျိုးက ရိုးသားသူတွေ အပေါ် လိမ်လည်တာများသလို လောဘစိတ်ရှိသူတွေလည်း ခံရတယ်။ KBZ Bank မှာ သတိပေးတဲ့ စာကပ်ထားတာတွေ့တယ်။ အဲဒီလိုပဲ တာချီလိတ်က ဘဏ်တိုင်းမှာလည်း ပြည်သူသတိပေး စာလေးတွေ ကပ်ထားပေးနိုင်ရင် ကောင်းမယ်။ ဒါဆို လိမ်ခံရတဲ့ လူအနေနဲ့ ဘဏ်ကို သွားပြီး ငွေလွှဲမယ့် အခါမှာလည်း ဘဏ်က ကယ်တင်ပေးနိုင်ရာလည်း ရောက်တာပေါ့"ဟု ဝမ်ကောင်း ရပ်ကွက်နေ ကိုကျော်လင်းက အကြံပြုသည်။

အဆိုပါ ဖြစ်စဉ်မျိုးသည် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်ပေးသည့် အချိန်က ရေပန်းစားခဲ့သော လိမ်လည်နည်းများဖြစ်ပြီး ယနေ့အချိန်ထိ ရှိနေဆဲဖြစ်သည်ဟု ကျိုင်းတုံမြို့မှ လိမ်လည်ခံခဲ့ရသူ တစ်ဦးက ဆိုသည်။

အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ယခုအချိန်ထိ အမှုဖွင့်အရေးယူထားသူ မရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ္ေမာင္း တစ္ေမာင္း တို ့တစ္ေမာင္းသည္


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


လုလုေအာင္ HD အသစ္


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


လူ႕ဘဝ၏ အနွစ္သာရ တန္ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>