Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၆ တွင် ယာဉ် ဥပဒေသစ်ဖြင့် အရေးယူရန် ကြိုတင် အသိပညာပေးကာ တာချီလိတ်၌ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဝေ

$
0
0
၂၀၁၆ခုနှစ် ဇန်န၀ါရီလအတွင်းမှစ၍ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် ထိရောက်စွာ အရေးယူရန် အတွက် ယာဉ်/လမ်း စည်းကမ်း အသိပညာပေး လုပ်ငန်းများကို တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရှိန်အဟုန်တိုးမြင့်ကာ ပြုလုပ်နေလျှက်ရှိပြီး ဆိုင်ကယ်စီး ဦးထုပ်များအား အခမဲ့ ပေးဝေလျှက်ရှိကြောင်း သိရသည်။


"ဒီနေ့ ကျပ်(၄)သိန်းခွဲ တန်ဖိုးရှိတဲ့ ဆိုင်ကယ်စီး ဦးထုပ်အလုံးရေ (၁၀၀)တိတိကို အခမဲ့ ပေးဝေရင်း၊ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ရဲ့ အချက်အလက်တွေပါရှိတဲ့ လက်ကမ်းစာရွက်တွေကိုလည်း ပေးဝေခဲ့ပါတယ်၊ နက်ဖြန်မှာ အခုလို လုပ်ဖို့ အစီအစဉ်ရှိသေးတယ်.."ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုက ပြောသည်။



တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၂၀၁၅ခုနှစ်တွင် ပြဌာန်းထားသော မော်တော်ယာဉ် ဥပဒေပါ လက်ကမ်းစာရွက်များအား ပေးဝေခြင်းများကို ပြုလုပ်လျှက်ရှိပြီး ဒီဇင်ဘာ (၂၄)ရက်နေ့က တာချီလိတ်မြို့ - ကျိုင်းတုံသွား လမ်းပေါ်ရှိ ဟွေခိုက်ကျေးရွာ လမ်းပေါ်တွင် ယာဉ်များ ရပ်တန့်စေ၍ ယာဉ်မောင်းများအား အသိပညာ လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာ(၂၅)ရက်နေ့တွင် တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်း၌ လက်ကမ်းစာစောင်များနှင့် ဆိုင်ကယ်စီး ဦးထုပ် အလုံး(၁၀၀)အား အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုက နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အခမဲ့ ပေးဝေခြင်း ဖြစ်သည်။


"ဥပဒေအရ အရေးယူဖို့အတွက် ပထမဆုံး ပညာပေးရမှာပါ။ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းရင် ကျပ်သုံးသောင်းနဲ့ စီမံခန့်ခွဲငွေ ကျပ်တစ်သောင်း အပါအ၀င် လေးသောင်းကျပ် ဆောင်ရပါမယ်။ ဒဏ်ငွေ တန်ဖိုးထက် ပြည်သူတွေ အနေနဲ့ ကိုယ့်အသက် အန္တရာယ်အတွက်ကြည့်ပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ လိုပါတယ်.."ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့နယ်အတွင်း ယာဉ်/လမ်းစည်းကမ်းများနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက် ကျင့်သုံးနိုင်ရန် ဒီဇင်ဘာလအတွင်း ပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၆ခုနှစ် ဇန်န၀ါရီလထဲတွင် စတင်၍ ဥပဒေသစ်ဖြင့် အရေးတော့မှာ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>