Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ စိုးရိမ်စရာမလို၊ မြန်မာနိုင်ငံသားများမှာ ထိုင်းတရားစီရင်ရေးကိုသာ ကန့်ကွက်ခြင်းသာဖြစ်

$
0
0
ဒီဇင်ဘာလ(၂၄)ရက်နေ့က ကမ္ဘာကျော်သွားခဲ့သော တရားစီရင်မှုတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသား နှစ်ဦးအပေါ် သေဒဏ်ချမှတ်လိုက်သည့် ကိစ္စသည် မြန်မာနိုင်ငံသားများမှ မကျေမနပ်ဖြစ်နေမှုများနှင့် ပတ်သက်၍ မြန်မာ - ထိုင်းနယ်စပ်ဒေသတို့ရှိ ထိုင်းနိုင်ငံသားများမှာ မြန်မာဘက်သို့ လာရမည်ကို စိုးရိမ်မှုများရှိနေကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းရဲအရာရှိတစ်ဦးထံမှ သိရသည်။


"မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများနည်းတူ ကျွန်တော်တို့ ထိုင်းနိုင်ငံသားတွေလည်း မကျေနပ်ကြတာတွေရှိပါတယ်၊ ခဏနေက ပြည်သူတစ်ဦးက ကျွန်တော့်ဆီကို လာပြောတယ်၊ အခုလို မြန်မာဘက်က မကျေမနပ် ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ထိုင်းနိုင်ငံသားတွေအနေနဲ့ တာချီလိတ်ဘက်ကို သွားရင် စိုးရိမ်ရနိုင်လား ဆိုပြီးတော့ မေးလာပါတယ်.."ဟု မယ်ဆိုင်မှ ရဲအရာရှိတစ်ဦးက ပြောလာသည်။

"မနေ့က ရန်ကုန် ထိုင်းသံရုံးကလည်း ထိုင်းလူမျိုးတွေကို အသိပေးထားတာပေါ့၊ မြန်မာကြားထဲသွားရင် မိမိကိုယ်ကိုယ် ထိုင်းလူမျိုးဆိုတာ မသိသာစေနဲ့တဲ့၊ ကျွန်တော် မြန်မာနိုင်ငံသားတွေက အဲ့လောက် မရိုင်းပါဘူး၊ အခု ကျွန်တော်တို့ မကျေနပ်တာက ထိုင်းနိုင်ငံသားတွေ နဲ့ ထိုင်းနိုင်ငံကို မဟုတ်ပါဘူး၊ မမျှတတဲ့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကိုသာ မကျေနပ်ကြတာဖြစ်ပါတယ်.."ဟု တာချီလိတ်ဒေသခံ ဦးကျော်ထွန်းက ပြောသည်။

"ကျွန်တော်တို့ ခံပြင်းတာက ထိုင်းဘက်က မမျှမတချမှတ်လိုက်တဲ့ အမိန့်ပါ၊ အယူခံဝင်ရာမှာ မြန်မာဘက်က တာဝန်ရှိသူများ အနေနဲ့ အောင်မြင်အောင် ကူညီပေးနိုင်ဖို့ကို မျှော်လင့်နေကြပါတယ်.."ဟု မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်ပိုင်းကစ၍ ရန်ကုန်မြို့တွင်လည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည့် နည်းတူ မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိပြီး၊ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နှင့် တာချီလိတ်မြို့တွင်လည်း  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန်အတွက် ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>