Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အများကောင်းမှုကြောင့် ၀န်ထမ်းကုန်းကျောင်း မြေထိန်းနံရံ ဆောက်လုပ်ပြီးစီး

$
0
0
တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်မှ တောင်တန်းသာသနာပြု ၀န်ထမ်းကုန်း ကျောင်းတိုက်၏ ကျောက်ကြီးစီ မြေထိန်းနံရံအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး တာချီလိတ်မှ စေတနာရှင်များ စုပေါင်းလှုဒါန်းမှုဖြင့် တစ်လကျော်အကြာတွင် တည်ဆောက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဘုန်းတော်ကြီးကျောင်းတည်နေရာသည် တောင်စောင်းတွင် တည်ရှိနေသဖြင့် မိုးရွာလျှင် မြေပြိုကျလေ့ ရှိသည့်အတွက် ကျောက်စီမြေထိန်းနံရံအား တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။



"တကယ့် အလိုအပ်ဆုံးဖြစ်နေတဲ့နေရာကို အခုလိုသိန်းပေါင်းများစွာ အကုန်အကျခံပြီး စုပေါင်းပါဝင် လှူဒါန်းကာ ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင် ၀မ်းမြောက်ပါတယ်"ဟု ၀န်ထမ်းကုန်း ဆရာတော်ကြီးက မိန့်ကြားသည်။



ကျောက်ကြီးစီ မြေထိန်းနံရံအသစ် ကာရံနိုင်ရေးအတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် မိသားစုမှ ဦးဆောင်ပြီး ကမကထပြုကာ အလှူရှင်မိသားစု (၂၅)စုကျော်က  ကျပ်ငွေစုစုပေါင်း (၂၁,၇၈၂,၅၀၀)ကျပ် ထည့်ဝင် လှုဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



"အခု လုပ်ခဲ့ပြီးတဲ့ ကျောက်ကြီးစီ မြေထိန်းနံရံရဲ့ အမြင့်က ပေ(၂၀)ကျော် ရှိပါတယ်။ အကျယ်ကတော့ ပေ(၁၄၀)ကျော်ပါ၊ ဒီလို လုပ်ဖြစ်နိုင်တာဟာ ခရိုင်အုပ်ချုပ်ရေးမှုး ဦးတင်ဝင်းရွှေ ဦးဆောင်မှုနဲ့ ဒေသခံ စေတနာရှင်များ ပူးပေါင်းပါဝင်မှုကြောင့်ပါ"ဟု မြေထိန်းနံရံအား တာဝန်ယူကာ ကုသိုလ်ယူ ဆောင်ရွက်ခဲ့သည့် ကိုဇေယျာအောင်က ဆိုသည်။



မြေထိန်းနံရံလှုဒါန်းမှု ရေစက်ချပွဲကို ဒီဇင်ဘာလလ (၂၃)ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပရာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက် (၀န်ထမ်းကုန်း)၊ ကျောင်းထိုင် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တရေ၀တ (ဓမ္မာစရိယ၊ အဘိဓဇအဂ္ဂမဟာ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ)မှ တရားတော်များကို ချီးမြှင့်ပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက တရားတော်နာယူကာ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>