Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သူခိုး ခိုးခံရမှာစိုးလို့ သိမ်းထားခဲ့တဲ့ ကား (၂၃)နှစ်ကြာမှ ရှာဖွေတွေ့ရှိ

$
0
0
၁၉၈၄ခုနှစ်က ထုတ်တဲ့ Toyota Corona Mark ll အမျိုးအစား မော်တော်ကားတစ်စီးကို ၂၃နှစ်တာ ကာလလွန်လာမှ အိမ်ရဲ့မြေအောက်ခန်း သဖွယ်ဖြစ်နေတဲ့ အခန်းထဲကနေ ရှာဖွေတွေ့ရှိရတယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာကျော်တဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။


ယူကရိန်းနိုင်ငံ ဒိုနက်မြို့မှာ နေထိုင်တဲ့ ကားပိုင်ရှင်ရဲ့ တူုဖြစ်သူက ရှာဖွေတွေ့ရှိရတာဖြစ်ပြီး သူ့ရဲ့ ဦးလေးက မသေခင်မှာ ကားကို သူခိုးများရန်က ကာကွယ်ရန် အတွက် စနစ်တကျ သိုဝှက် သိမ်းဆည်းထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုခေတ်ဖြစ်ပြီး ခေတ်ဆိုး၊ စနစ်ဆိုးတွေကြားမှာ သူခိုးများလည်း ပေါများလာတဲ့ အတွက် ကားကို ခိုးခံရမှာစိုးလို့ သိမ်းဆည်းထားတာလို့ သိရပါတယ်။


ကားကို စနစ်တကျ အလုံပိတ် သိမ်းဆည်းခဲ့တာဖြစ်တဲ့အတွက် ၂၃နှစ်လုံးလုံး နေရောင်မထိခဲ့ပါဘူး၊ ကားရဲ့ ပုံစံဟာလည်း အလွန်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတဲ့အပြင် ကားအတွင်း ပစ္စည်းများမှာလည်း အားလုံးနီးပါးဟာ စက်ရုံက ထုတ်တဲ့ ပစ္စည်းတွေပဲ ဖြစ်နေပြီး အသစ်လဲလှယ်ထားတာ မရှိဘူးလို့လည်း ဆိုပါတယ်။

ကားရဲ့ အတွင်းထိုင်ခုံနဲ့ တာယာလည်း ပြောင်းလဲထားတာ မရှိတဲ့အပြင် ကားအတွင်းပိုင်း ပစ္စည်းများမှာ ပျက်စီးထားတာတွေ၊ ပျောက်ရှထားတာတွေ မရှိတဲ့အပြင်ကားရဲ့ ခရီးအတိုင်းအတာကလည်း 84700kml ပဲ ရှိသေးတာကို မြင်တွေ့ရကြောင်း ဆိုထားပါတယ်။


၂၃နှစ်လုံးလုံး လုံခြုံစွာ သိမ်းထားခဲ့တဲ့ Toyota Corona Mark ll အမျိုးအစား မော်တော်ကားဟာ ဂျပန်နိုင်ငံက ထုတ်တဲ့ ညာမောင်းဖြစ်ပြီး အဲ့ဒီအချိန်က အလွန်ရှားပါးတဲ့ ကားတစ်စီးဖြစ်ပါတယ်။

ဒီကားကို ဒီဇယ်နဲ့ အသုံးပြုရတာဖြစ်ပြီး အဲယားကွန်း၊ စက်ပစ္စည်းမျိုးစုံ နဲ့ အခြားသော စက်ပစ္စည်းများ ပါဝင်နေပြီး တချိန်က အလွန်ခေတ်စားခဲ့တဲ့ ကားတစ်စီးဖြစ်စေခဲ့ပါတယ်။

ဦးလေးဖြစ်သူကတော့ လူ့လောကထဲမှာ မရှိတော့ပေမဲ့ ကားကို တွေ့ရှိသွားတဲ့ သူ့ရဲ့ တူအနေနဲ့ကတော့ ဒီကားကို ရောင်းချသွားမလား မရောင်းချဘူးလားဆိုတာကတော့ သတင်းများက ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဘာသာပြန်။  ။ နန်းမောက်ကွမ်

Ref; hybridtechcar, joemonster

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>