Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံဘက်မှ 115KV ဓါတ်တိုင်ကြီး ရွှေ့ပြောင်းမှာဖြစ်သည့်အတွက် တာချီလိတ်၌ လျှပ်စစ်မီး နေ့ပိုင်း ခေတ္တပြတ်တောက်မည်

$
0
0
ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၀)ရက်နေ့က ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ယာဉ်ဝင်ရောက်တိုက်မိမှုကြောင့် ဓာတ်တိုင်များ ပျက်စီးခဲ့ရပြီး တာချီလိတ်၌ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ နောက်များတွင် ယာဉ်များဝင်ရောက် တိုက်မိရာ၌ အဓိက ဓာတ်တိုင်များကို မတိုက်မိစေရန်အတွက် အဓိက ဓာတ်တိုင်အား နေရာပြောင်းရွှေ့မှာ ဖြစ်သည့်အတွက် တာချီလိတ်၌ ဒီဇင်ဘာလ(၂၃)ရက် နေ့ပိုင်းတွင် လျှပ်စစ်မီး ခေတ္တပြတ်တောက်မှာ ဖြစ်ကြောင်း သိရသည်။


"ထိုင်းနိုင်ငံဘက်က မယ်ကျန်းမှာ ရှိနေတဲ့ 115KV ဓာတ်တိုင်ကြီးကို မြို့တွင်းနဲ့ လွတ်လွတ် ကျွတ်ကျွတ်ဖြစ်တဲ့ ချင်းရိုင်းအ၀င် လမ်းဆုံမှာ ပြောင်းရွှေ့စိုက်ထူမှာမို့ ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ နေ့ပိုင်း လျှပ်စစ်မီး ခေတ္တပြတ်မယ်လို့ ထိုင်းဘက် PEA က ကြိုတင်အသိပေးလာပါတယ်.."ဟု တာချီလိတ်မီးလင်းရေးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက ပြောသည်။

"မနက် (၈)နာရီကနေ ညနေ(၄)နာရီအထိလို့တော့ ပြောတယ်၊ ခါတိုင်းလို စောစောပြီးရင်လည်း စောစောလွှတ်ပေးပါလိမ့်မယ်၊ နေ့ပိုင်းပဲ ပျက်မှာဖြစ်တဲ့အတွက် အဲ့ဒီနေ့မှာ ဆေးရုံတို့ အစိုးရရုံးတို့မှာ မီးခွဲဝေပေးထားဖို့တော့ အခုလောလောဆယ်မှာ အစီအစဉ်မရှိသေးပါဘူး၊ တပြေးညီ ပျက်မှာ ဖြစ်ပါတယ်.."ဟု မြို့မီးလင်းရေးကော်မတီမှ လျှပ်စစ်အင်ဂျင်နီယာအကြံပေး ဦးထိန်မင်းက ဆိုသည်။

နံနက်ကနေ ညနေအထိ တာချီလိတ်မြို့၌ လျှပ်စစ်မီး ခေတ္တပြတ်တောက်မှာ ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် လျှပ်စစ်မီးကို အားထားကာ လုပ်ဆောင်ရသည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုကြောင်းနှင့် သတ်မှတ်ချိန်ထက် စောပြီး လုပ်ငန်းပြီးစီးပါက အစောဆုံး လျှပ်စစ်မီး လွှတ်ပေးသွားမှာ ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောဆိုသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles