Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ခက်ခဲတဲ့ အနုပညာ လမ်းကြောင်းကို အောင်မြင်အောင် လျှောက်မယ့် အာခါမျိုးကြီး သို့ ကိုလီဂါ

$
0
0
"အာခါမျိုးကြီး"ဟု တိုင်းရင်းသားများအကြား နာမည်ကျော်နေသော သံစဉ်များနှင့်ကမ္ဘာ ( Melody World )တွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် အာခါတိုင်းရင်းသား ကိုလီဂါက ခက်ခဲသည့် အနုပညာလမ်းကြောင်းတွင် အောင်မြင်အောင် လျှောက်လှမ်းသွားမည်ဟု ဆိုသည်။


"ကျွန်တော် အနုပညာလောကထဲကို (၂၀၀၀)ခုနှစ်ကတည်းက ၀င်လာခဲ့တာပါ။ နိုင်ငံကျော် အဆိုတော်တော့ ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း ကြိုးစားနေတာပါ။ ကျွန်တော့် ရည်ရွယ်ချက်၊ ရည်မှန်းချက်ကိုတော့ အောင်မြင်အောင် လျှောက်လှမ်းမှာပါ"ဟု ကိုလီဂါ(အာခါမျိုးကြီး)က ပြောသည်။

( Melody World 2016, Level-1 ပြိုင်ပွဲမှ )

၎င်း၏ အနုပညာလှုပ်ရှားမှုတွင် အာခါဘာသာဖြင့် တေးစီးရီး(၄)ခွေထုတ်ခဲ့ပြီး မြန်မာသံစဉ်ဖြင့် စီးရီးထုတ်ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

Rock သီချင်းများကို သီဆိုသည့် ကိုလီဂါသည် Melody World ၏ 2016, Level-1အား အောင်မြင်ခဲ့ပြီဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျင်းပသော တိုင်းရင်းသားပွဲတော်များတွင်လည်း သီဆိုလေ့ရှိသည့် ကိုလီဂါမှာ  အာခါတိုင်းရင်းသား အဆိုတော်မျိုးကြီးဟု လူသိများကာ ဒေသတွင်း အောင်မြင်နေသော တိုင်းရင်းသားအဆိုတော်တစ်ဦးလည်း ဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>