Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ လျှပ်စစ်မီး(၂)ရက်မှ (၃)ရက်အထိ ပျက်မှာဖြစ်သည့်အတွက် အလှည့်ကျ ပေးနိုင်ရေး အရေးပေါ်ဆွေးနွေး

$
0
0
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝမ်ကျောင်ကျေးရွာ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၃)နာရီကျော်က မော်တော်ယာဉ် တစ်စီးမှ အရှိန်ပြင်းစွာ ဓါတ်မီးတိုင်အား ဝင်တိုက်မိရာမှ ဓါတ်တိုင်များ ယိုင်နဲ့ကျိုးကျပျက်စီးခဲ့ရသည့် အတွက် တာချီလိတ်၌ လျှပ်စစ်မီးပုံမှန်ရရှိမှုမှာ (၂)ရက်မှ (၃)ရက်အထိ ကြာမှာဖြစ်သည့်အတွက် မီးလင်းရေးမှ တာဝန်ရှိသူများက အရေးပေါ် ရရှိထားသော (2mw) အား အလှည့်ကျ ပေးနိုင်ရေးအတွက် နေ့လည်(၁၂)နာရီက အရေးပေါ် ဆွေးနွေးခဲ့ကြသည်။


ထိုင်းဖက်တွင် ဖြစ်ပွားသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်မှ မြန်မာအား အရေးပေါ် သုံးစွဲနိုင်ရန် မီးလင်းရေးအပိုင်း(၁)အတွက် (2mw)နှင့် မီးလင်းရေးအပိုင်း (၂)အတွက် (2mw) ပေးထားရာ လျှပ်စစ်မီးမှာ (၂)ရက်မှ (၃)ရက်အထိ ပုံမှန်ရရှိမှု မရှိနိုင်သေးသည့် အတွက် အရေးပေါ်ဌာနများမှ လွဲ၍ မိဘပြည်သူများအား အလှည့်ကျပေးနိုင်ရေးကို ဦးစားပေး ဆွေးနွေးခြင်းဖြစ်သည်။

ပြည်သူ့ဆေးရုံကြီး(၂)ခုနှင့် ဆက်သွယ်ရေးအား (၂၄)နာရီပေးထားမှာဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်
အုပ်ချုပ်ရေးမှုးရုံး၊ ခရိုင်ရဲရုံးနှင့် အမှတ်(၁)ချစ်ကြည်ရေးတံတားတို့အား နေ့ဘက်ရုံးဖွင့်ချိန် ပိတ်ချိန်အထိ ပေးထားမှာ ဖြစ်ကြောင်းနှင့် မြို့မရဲစခန်းအား လုံခြုံရေးအရ ညပိုင်းတွင် ပေးထားမှာဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် အလှည့်ကျ မီးပေးမည့် အချိန်များကို ထပ်မံဆွေးနွေးပြီး အသိပေးသွားမှာ
ဖြစ်ကြောင်း အရေးပေါ်ဆွေးနွေးချက်မှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>