Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံဆေးရုံကြီးတွင် ထိုင်း/မြန်မာဆရာဝန်များမှ နား၊ နှာခေါင်း၊ လည်ချောင်း အခမဲ့ ခွဲစိတ်ကုသပေးမည်၊ ဝေဒနာရှင်များ စာရင်းပေးသွင်းနိုင်

$
0
0
ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ Ear Surgery Mobile Unit(ESMU)မှ ဆရာဝန်များပါဝင်မည့် အဖွဲ့ဝင်(၂၄)ဦးသည် မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ပူးပေါင်း၍ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျိုင်းတုံဆေးရုံကြီးတွင် စမ်းသပ်ဆေးစစ်ကာ အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်သည့်အတွက် ဝေဒနာရှင်များအနေဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရသည်။


နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ဝေဒနာရှင်များအနေဖြင့် အခမဲ့ ခွဲစိတ်ကုသနိုင်ရေးအတွက် တာချီလိတ်မြို့ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၁.၁၂.၂၀၁၅)နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာဖြစ်ကြောင်းနှင့် ကျိုင်းတုံဆေးရုံကြီးတွင်လည်း စုံစမ်းနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ Ear Surgery Mobile Unit(ESMU)မှ ဒေါက်တာ Soontorn Antarasena ဦးဆောင်သည့် အဖွဲ့ဝင်
ဆရာဝန် (၂၄)ဦးသည် ဆေးပစ္စည်းများနှင့်အတူ ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ လာရောက်မှာဖြစ်ပြီး ထိုမှတဆင့် ကျိုင်းတုံဆေးရုံကြီးသို့ သွားရောက်မှာဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ Ear Surgery Mobile Unit(ESMU)အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ နားရောဂါနှင့် ပတ်သက်၍ စမ်းသပ်ဆေးစစ် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>