Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ် (၁၅)သိန်းကျော် တန်ဖိုးရှိ အေးခဲကြက်သားများကို Mobile Team မှ ဖမ်းဆီးကာ မီးရှို့ဖျက်ဆီး

$
0
0
ကျိုင်းတုံသို့ သယ်ယူပို့ဆောင်မည့် ထိုင်းနိုင်ငံထုတ် CP အမှတ်တံဆိပ် အေးခဲကြက်သားများကို တာချီလိတ် Mobile Team မှ ဒီဇင်ဘာလ (၇)ရက်နေ့က ဖမ်းဆီးသိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း Mobile Team အဖွဲ့မှ သိရသည်။


ဒီဇင်ဘာလ (၇)ရက်နေ့ ညနေ(၆)နာရီ ၀န်းကျင်က တာချီလိတ် - ကျိုင်းတုံ လမ်းကြောင်းပေါ်ရှိ တာလေတိုးဂိတ် အနီးတွင် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်မင်း ဦးစီးသည့် Mobile Team အဖွဲ့ ရှောင်တခင် စစ်ဆေးရာမှ အေးခဲကြက်သား စုစုပေါင်း (၅၂၄)ကီလိုခန့်ကို သိမ်းဆည်းရမိတာဖြစ်ကြောင်း သိရသည်။


"အေးခဲအသားတွေကို တာလေမြို့နဲ့ တိုးဂိတ်အကြားမှာ ကားတစ်စီးပေါ် တင်နေကြောင်းကို သတင်းရရှိတဲ့ အတွက် သွားရောက် စစ်ဆေးတဲ့အခါမှာ တစ်ဖက် ထိုင်းနိုင်ငံက ထုတ်တဲ့ CP အမှတ်တံဆိပ် အေးခဲကြက်သား စုစုပေါင်း (၅၂၄)ကီလိုခန့်ကို သိမ်းဆည်းရမိခဲ့တာပါ.."ဟု တာချီလိတ် Mobile Team အဖွဲ့ဝင် တစ်ဦးမှ ပြောသည်။


ဖမ်းဆီးရမိသည့် အဆိုပါ အေးခဲကြက်သားများကို အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ အေးခဲကြက်သား စုစုပေါင်း (၅၂၄)ကီလို၏ တန်ဖိုးမှာ ကျပ်(၁,၅၇၂,၀၀၀)ရှိကြောင်း သိရသည်။

"မိုင်းဆတ်၊ ကျိုင်းတုံ နဲ့ တာချီလိတ်က လူတွေအားလုံးဟာ ထိုင်းဘက်က လာတဲ့ CP အေးခဲကြက်သား တစ်ခုတည်းကို အားပြုနေကြရတာ၊ ဒီလိုဖမ်းပြီး မီးရှို့တော့ ဘာထူးမှာလဲဗျာ၊ အခွန်ဆောင်ဖို့ အတွက်ကြတော့ မြန်မြန်ဆန်ဆန် မလုပ်ပေးဘူး၊ လိုင်စင် လုပ်ထားတာ (၆)လရှိပြီ၊ မကျလာသေးလို့ သွားမေးတော့လည်း နေပြည်တော်ကို တင်ထားတာ (၉၀)ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီလို့ ပြောတယ်.."ဟု အေးခဲကြက်သား ရောင်းချသူ ကိုအောင်ညွှန့် ဆိုသည်။

"ဒဏ်ငွေဆောင် စနစ်မဟုတ်ဘဲ၊ သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးလိုက်တော့ အလဟဿ ဖြစ်ရောပဲ၊ ဒီလိုလုပ်တာ ဘယ်သူ့အတွက်မှ အကျိုးအမြတ် မရှိဘူး၊ စားသုံးသူအတွက် ဈေးနှုန်းမြင့်လာတာပဲ ရှိတယ်၊ ဒီမှာဆိုရင် ပိုသိသာတယ်၊ တာချီလိတ်က ဖမ်းလိုက်ပြီဆိုတာနဲ့ ဈေးက တက်ရော.."ဟု ကျိုင်းတုံ၌ အေးခဲကြက်သား ပြန်လည်ဝယ်ယူ ရောင်းချသူ ဒေါ်နန်းခမ်းတစ် က ပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>