Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာ - ထိုင်း လူငယ်များ တာချီလိတ်၌ BBoy အက ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့

$
0
0
မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် လူငယ်များအကြား ခေတ်စားနေသည့် BBoy အကနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ တရုတ်ဘုံကျောင်း အတွင်း ကျင်းပပြုလုပ်ရာ မြန်မာ - ထိုင်း B-Boy အက၀ါသနာရှင်များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။









"ParMix Battle ပြိုင်ပွဲကို ကျင်းပတာ နှစ်ကြိမ်ရှိပါပြီ၊ ပထမ တစ်ကြိမ်ကတော့ ကျွန်တော်တို့ ချင်းရိုင်းမှာ ကျင်းပခဲ့တယ်၊ ဒီတစ်ကြိမ်မှာတော့ တာချီလိတ်မှာ ကျင်းပဖို့ ရည်ရွယ်လိုက်တာပါ၊ အဓိက ရည်ရွယ်ချက်ကတော့ ဒီပြိုင်ပွဲဟာ အနိုင်အရှုံးကို အဓိကမထားပဲ နှစ်နိုင်ငံ BBoy အကသမားများ စည်းစည်းလုံးလုံး နဲ့ ချစ်ချစ်ခင်ခင် ဖြစ်ဖို့အပြင် ပြိုင်ပွဲအတွေ့ကြုံရဖို့ပါပဲ.."ဟု ထိုင်းနိုင်ငံသား BBoy အကသမား Seven-A က ပြောသည်။

ယင်းပြိုင်ပွဲအား တာချီလိတ်မြို့မှ BBoy အကသမားများနှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှ အကသမားများ ပူးပေါင်းကာ ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် နှစ်နိုင်ငံပေါင်း အကသမား (၄၀)ဦးခန့် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

BBoy အက ကို စိတ်ဝင်စားသည့် လူငယ်များအနေဖြင့် မိမိတို့ရဲ့ အရည်အချင်းတွေပြည့်ဝဖို့အတွက် နိုင်ငံတကာက ယှဉ်ပြိုင်ထားသည့် အကပြိုင်ပွဲများကို အင်တာနက်ပေါ်တွင် ကြည့်ရှုလေ့လာသင့်ကြောင်း Seven-A က အကြံပြုပြောဆိုသည်။

"ဒီပြိုင်ပွဲကို ကျင်းပပေးတာ တကယ်ကို ကောင်းပါတယ်၊ ကျွန်တော်မသိတာတွေလည်း သိခဲ့ရပါတယ်၊ ကိုယ့်ထက် ဝါရင့်ပြီး အတွေ့အကြုံရှိတဲ့ သူတွေနဲ့ ယှဉ်ပြိုင်ရတော့ အတွေ့ကြုံတွေ ပိုလည်းရခဲ့ပါတယ်၊ ကျွန်တော့်အထင်တော့ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ကို လာရောက် အနိုင်ကျောခြင်း မဟုတ်ဘဲ အထက်ကို ဆွဲခေါ်တယ်လို့ ထင်ပါတယ်.."ဟု တာချီလိတ်မြို့မှ BBoy အကသမား ကိုနေမျိုးသူရက ပြောသည်။

"တာချီလိတ်က လူငယ်တွေအနေနဲ့ BBoy အကကို စိတ်ဝင်စားတဲ့လူ တော်တော်များပါတယ်၊ အားလုံးဟာလည်း အင်တာနက်ကနေ လေ့လာကြတဲ့ သူတွေ ခပ်များများပါ၊ ဒီဇင်ဘာလ စနေနေ့တိုင်း လမ်းလျှောက်ပွဲမှာတော့ လူငယ်တွေစုပြီး မနက် စောစော လမ်းပေါ်မှာ ကဖြစ်ကြပါသေးတယ်.."ဟု BBoy ၀ါသနာရှင် ကိုထူးလင်းကျော်က ပြောသည်။

တာချီလိတ်၌ ကျင်းပခဲ့သည့် ParMix Battle ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ချင်းရိုင်းမှ BBoy အကသမား (၃၀)ဦး လာရောက်ယှဉ်ပြိုင်ပြီး တာချီလိတ်မှ (၁၀)ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ကြောင်းနှင့် တာချီလိတ်မြို့ပေါ်တွင် BBoy အကသမား (၃၈)ဦးခန့်ရှိပြီး သုံးပုံနှစ်ပုံခန့်မှာ အထက်တန်းကျောင်းသားများဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>