Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရေဘေးသင့် ဖန်ခါးကုန်းကျေးရွာအတွက် အဆင့်မြင့် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရန် မည်သူမဆို ပါဝင် လှူဒါန်းနိုင်

$
0
0
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဖန်ခါးကုန်းကျေးရွာ၌ ချို့တဲ့စွာ တည်ဆောက်ထားပြီး ၂၀၁၅ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)အား အဆင့်မြင့် တည်ဆောက်ရန်အတွက် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစက ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)မှ ကြီးမှူး ဦးဆောင်ကာ တာချီလိတ်စေတနာရှင်များနှင့် စုပေါင်းပြီး လှူဒါန်းသွားရန် စီစဉ် ဆောင်ရွက်နေလျက်ရှိရာ စေတနာရှင်များ အနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် တာချီလိတ်မြို့၌ အလှူခံဌာနများကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။



အဆိုပါ ကျောင်းဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီး အပါအ၀င် စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားရှိပြီး ယနေ့ ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ကျောင်းဆောက်လုပ်ရန် အတွက် ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။



အစည်းအဝေးတွင် ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီးမှ သြ၀ါဒစကား မိန့်ကြားတော်မူပြီးနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လက်ရှိ မတည်ငွေများအပြင် ကနဦး သတ်မှတ် အလှူငွေ ကျပ်သိန်း(၅၀၀) ရရှိရေးအတွက် အလှူငွေ ကောက်ခံရရှိရေးနှင့် ပတ်သက်ပြီး အုပ်စုများခွဲ၍ ဆောင်ရွက်ရေးကို အကြုံပြုဆွေးနွေးသည်။


၎င်း၏ အကြုံပြုဆွေးနွေးချက်ပေါ် အခြေခံ၍ ကော်မတီဝင်များမှ ဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် ကျောင်းဆောက်လုပ်ရန်အတွက် စတင်ပန္နက်တင်မှုကို ဒီဇင်ဘာလ၏ တတိယအပတ်အတွင်း ဆောက်ရွက်နိုင်ရန်နှင့် ကောက်ခံရရှိသည့် အလှူငွေများကို ၂၀၁၆ခုနှစ် ဇန်န၀ါရီလ၏ ဒုတိယအပတ်အတွင်း ကော်မတီ၏ ဘဏ္ဍာရေးအဖွဲ့ထံ အပ်နှံရေးတို့ကို အတည်ပြု ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးပြီးနောက် ကနဦး မတည် လှူဒါန်းကြသော စေနာရှင် အလှူရှင်များအား ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ပေးတော်မူသည်။

စေတနာရှင် အလှူရှင်များအနေဖြင့် မိမိတို့ဘက်မှ တတ်နိုင်သလောက် ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများအလိုက် ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။

ဗယ်လင်တိုင်း
ကဖေးနှင့်အအေး စားသောက်ဆိုင်
ဘုရင့်နောင်ရင်ပြင်ရှေ့တည့်တည့်၊ ဗိုလ်ချုပ်လမ်းမဘေး၊
တာလော့ရပ်ကွက် တာချီလိတ်မြို့။

ဦးမြင့်ဦး(မုတ်ဆိတ်)
ရှမ်း(အရှေ့)သတ္တုလုပ်ငန်းရှင်များအသင်းရုံး၊
ဗိုလ်ချုပ်လမ်းမဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။

ဦးနေ၀င်း
BT ဆီပန့် ( စက်သုံးဆီရောင်းဝယ်ရေး )
ပါလျှံလမ်းဆုံ၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်
ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>