Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နယ်စပ် တံတားကူး စာအုပ်ဖြင့် ဈေးရောင်းသူများကို ထိုင်းဥပဒေအရ ဖမ်းဆီး အရေးယူတော့မည်

$
0
0
တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တံတားကူးလက်မှတ်ဖြင့် ဈေးရောင်းခြင်းနှင့် ဈေးဆိုင်များတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်သူများကို ထိုင်းဘက် သက်ဆိုင်ရာများက ဖမ်းဆီးအရေးယူတော့မှာဖြစ်ကြောင်း မြန်မာ - ထိုင်း နယ်ခြားကော်မတီမှ သိရသည်။


"ဒီနေ့(၁၇.၁၁.၂၀၁၅) နေ့လည်(၂)နာရီ ၀န်းကျင်က မယ်ဆိုင်မှာ မြန်မာနိုင်ငံသား (၅)ဦး ဈေးရောင်းလို့ ဆိုပြီး ထိုင်းလ၀က က ဖမ်းသွားတဲ့အကြောင်း ကျွန်တော့်ဆီကို မယ်ဆိုင်မြို့မှာ တစ်နိုင်တစ်ပိုင် ဈေးဆိုင်ဖွင့်လှစ်ပြီး ၀မ်းရေးအတွက် ဈေးရောင်းချနေကြတဲ့ မြန်မာနိုင်ငံသား ဈေးသည်များက ဖုန်းဆက်ပြီး အသိပေး အကြောင်းကြားလာကြတယ်၊ အဲ့လို အကြောင်းကြားလာတော့ TBC က ဦးဘိုလေးတို့၊ ကိုသန်းထွန်းအောင်တို့ကို အကြောင်းကြားပြီး လ၀ကရုံးကို လိုက်သွားတဲ့အခါမှာ တံတားကူးစာအုပ်နဲ့ ဈေးရောင်းလို့ ဖမ်းတာလို့ သိရတယ်"ဟု မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က ပြောပြသည်။

မြန်မာနိုင်ငံသား (၅)ဦး ဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ - ထိုင်း နယ်ခြားကော်မတီ (မြန်မာဘက်မှ) ဦးဘို​လေး၊ ဦးသန်းထွန်း​အောင်​၊ ဦးလှိုင်​မင်း တို့မှ ထိုင်းဘက် နယ်​ခြား​ကော်​မတီမှ တာဝန်​ရှိသူများနှင့်​ ​တွေ့ဆုံညှိနှိုင်းရာ ထိုင်းဘက်မှ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ပြန်လွှတ်ပေးလိုက် သော်လည်း နောက်ထပ် အခြားသူများလည်း ထို့နည်းတူ ဖြစ်ပွားလာပါက လွှတ်ပေးလို့ရနိုင်မှာ မဟုတ်တော့ကြောင်းနှင့် ဥပဒေအရ အရေးယူရတော့မှာဖြစ်ကြောင်း ထိုင်းဘက်မှ ပြန်လည်ပြောလာကြောင်း သိရသည်။

"အရင်တုန်းကတော့ မယ်ဆိုင် လွယ်ဘောင်းဈေးထဲမှာ တံတားကူးစာအုပ်နဲ့ ဈေးရောင်းတာတွေရှိတယ်၊ အဲ့လိုတွေ ရှိတဲ့အခါ ရဲတို့၊ လ၀ကတို့၊ ယစ်မျိုးအဖွဲ့တို့ ဖမ်းမှာစိုးလို့ တစ်ချို့ဆိုရင် လိုင်းကြေးပေးပြီး လုပ်နေကြတယ်၊ အခုတော့ မရတော့ဘူး၊ သူတို့ တွေ့ရင် ဖမ်းမယ်လို့ သိရတယ်.."ဟု မယ်ဆိုင်မြို့နေ ဈေးသည် တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများ အပါအ၀င် အခြား နိုင်ငံသားများ အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား လက်မှတ်မရှိဘဲ ဈေးဆိုင်ဖွင့်လှစ်ခြင်း၊ ဈေးဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်း အပြင် မြန်မာဘက်မှ ထိုင်းဘက်သို့ ကူးသည့် နယ်စပ်တံတားကူး လက်မှတ်အား ကိုင်ဆောင်ပြီး ဈေးရောင်းခြင်းတို့ကို စစ်ဆေး တွေ့ရှိရပါက ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဘက်မှ အသိပေးလာသည်။

နယ်စပ် တံတားကူး စာအုပ်သည် နယ်စပ်ဖြတ်ကျော်ဖို့အတွက် အသုံးပြုရန်သာ ထုတ်ပေးထားတာဖြစ်ပြီး၊ အလုပ်အကိုင်တွေအတွက် အသုံးပြုဖို့ ထုတ်ပေးထားတာ မဟုတ်ကြောင်း TBC မှ သိရသည်။

ဓါတ်ပုံ။  ။ ဦးထွန်း(မယ်ဆိုင်)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>