Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်းမှ (၃)နှစ်တာ ကာလအတွင်း လူနာ(၃,၂၉၁)ဦးအား အခမဲ့ ကုသပေးခဲ့

$
0
0
တာချီလိတ်မြို့ အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း(ရောဂါရှာဖွေရေးစင်တာ) မှ ရဟန်း သံဃာတော်များ နှင့် သီလရှင်များစသည့် သာသနာ့ ၀န်ထမ်းများအပြင် ယောဂီ၊ လူပုဂ္ဂိုလ်များအား (၃)နှစ်တာ ကာလအတွင်း ထိုင်းဘတ်ငွေ (၂၇)သိန်းကျော် အကုန်အကျခံကာ FOC(အခမဲ့)ကုသပေးခဲ့ကြောင်း သိရသည်။



"ဆက်လက်ပြီးတော့လည်း တစ်ရက်ကို သံဃာ(၅)ပါး၊ သီလရှင်(၅)ပါး နဲ့ တရားစခန်းက လာတဲ့ ယောဂီ(၅)ဦး စုစုပေါင်း (၁၅)ဦး သတ်မှတ်ပြီး  FOC စနစ် အခမဲ့ ကုသိုလ်အဖြစ် ကုပေးနေလျက်ရှိသလို၊ ဆက်လက်ပြီးတော့လည်း ကုသပေးသွားမှာဖြစ်ပါတယ်.."ဟု အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း (ရောဂါရှာဖွေရေးစင်တာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။




တာချီလိတ်မြို့၏ ပထမဦးဆုံး ပုဂ္ဂလိကဆေးခန်းဖြစ်သည့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း (ရောဂါရှာဖွေရေးစင်တာ)အား ၂၀၁၂ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် (၃)နှစ်တိုင်တိုင်ရှိခဲ့ပြီး FOC(အခမဲ့) ကုသိုလ်အဖြစ် ရဟန်း သံဃာတော်များ နှင့် သီလရှင်များ စသည့် သာသနာ့ ၀န်ထမ်းများအပြင် ယောဂီ၊ လူပုဂ္ဂိုလ် စုစုပေါင်း ( ၃,၂၉၁)ဦးအား အထွေထွေရောဂါရှာဖွေ စမ်းသပ်ကုသပေးမှုများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကုန်ကျမှုမှာ ထိုင်းဘတ်ငွေ (၂,၇၀၇,၅၉၇)ဘတ် ရှိပြီဖြစ်ကြောင်း နှင့် ဆက်လက်၍လည်း သာသနာ့ဝန်ထမ်းများအား FOC(အခမဲ့)ကုသိုလ်အဖြစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>