Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွေးကောက်ပွဲအတွက် အထူးရဲများ သင်တန်း ပို့ချမှုပြီးစီး

$
0
0
၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် စောင့်ကြည့် လုံခြုံရေးအတွက် အသုံးပြုမည့် အထူးရဲတပ်ဖွဲ့ဝင်များ၏ သင်တန်းဆင်းပွဲ အခမ်းအနားအား အောက်တိုဘာလ (၃၁) ရက် နံနက်ပိုင်းက ရွှေဗူးသီးဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင် အဖွင့်အမှာစကားအဖြစ် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးမှ ရွေးကောက်ပွဲတွင် တွေ့ကြုံနိုင်သော အဖျက်အမှောက် အနှောက်အယှက်များအား အထူးရဲများမှ ဥပဒေအတိုင်း ဖြေရှင်းရန် ပြောကြားခဲ့သည်။


"သင်တန်းသားတွေကို ရဲလုပ်ငန်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ အပြည်ပြည်ဆိုင်ရာ ကြေငြာစာတမ်း၊ လူ့အခွင့်အရေးက အစ သင်ကြားပေးထားပါတယ်၊ ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးဖို့ အထူးရဲတွေ အနေနဲ့ သတိကြီးစွာထားပြီး ဥပဒေဘောင်တွင်းက ဆောင်ရွက်သွားရပါမယ်.."ဟု ၎င်းမှ ပြောကြားခဲ့သည်။


တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံများအတွက် အထူးရဲ(၅၈)ဦး၊ မိုင်းဖြတ်မြို့နယ်အတွက် (၄၂)ဦး၊ မိုင်းယောင်းမြို့နယ်အတွက် (၆၅)ဦးတို့အား တာချီလိတ်ခရိုင်အတွင်း စုစုပေါင်း အထူးရဲ (၁၆၅)ဦးအား ခန့်ထားပြီးစီးကြောင်းသိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း၌ နိုင်ငံရေးပါတီ (၈)ခုတို့မှ ကိုယ်စားလှယ်များက ၀င်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခံကြမည်ဖြစ်ရာ ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်၌ မဲရုံ(၅၈)ရုံ၊ မိုင်းဖြတ်မြို့နယ်၌ မဲရုံ(၄၂)ရုံနှင့် မိုင်းယောင်းမြို့နယ်၌
မဲရုံ(၆၅)ရုံရှိမည်ဖြစ်ရာ မဲရုံတစ်ရုံစီအတွက် လုံခြုံရေးအနေဖြင့် အရပ်သားများဖြင့် ခန့်အပ်ထားသည့် အထူးရဲများကို (၁)ဦးစီဖြင့် စုစုပေါင်း (၁၆၅)ဦးကိုလည်း ခန့်အပ်ထားရှိပြီးဖြစ်သည်။

သင်တန်းအား အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ အောက်တိုဘာလ(၃၀)ရက်နေ့အထိ (၁၀)ရက်တိတိ ပို့ချသင်ကြားခဲ့တာဖြစ်ကြောင်းနှင့် သင်တန်းဆင်းပွဲအား ယနေ့ အောက်တိုဘာလ(၃၁)ရက်နေ့မှာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး နှင့် အထူးရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့အစည်းများ နှင့် သတင်းမီဒီယာများ တက်ရောက်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>