Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကြိုတင်ဆန္ဒမဲပေးသူ (၁၁)ဦးရှိလာ

$
0
0
တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လည်ပိုင်းက ဗဟိုဝန်ထမ်းကျောင်း တက်ရောက်နေသူတစ်ဦးမှ ကြိုတင်မဲထည့်ခဲ့ကြောင်း သိရသည်။


"ဇီးပင်ကြီး ဗဟိုဝန်ထမ်းကျောင်းမှာ တက်ရောက်နေတဲ့ ၀န်ထမ်းတစ်ဦးက ကြိုတင်ဆန္ဒမဲ စထည့်တာပါ၊ အဲ့ဒါကို ပုံစံ(၁-၃)နဲ့စာရင်းသွင်းထားရပါတယ်၊ ကြိုတင်မဲထည့်ဖို့ သူတို့အနေနဲ့ ကျောင်းအုပ်ကြီးရဲ့ လက်မှတ်နဲ့ သူတို့ ပုံစံ(၁၅)နဲ့ ပေးပို့တောင်းဆိုလာမှ ကျွန်တော်တို့က လုပ်ပေးလို့ရတာပါ..."ဟု တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထိန်မင်းမှပြောသည်။


တာချီလိတ်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့် တောင်းဆိုလာသော သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းရှိ ကြိုတင်မဲ ပေးသူ(၁၉)ဦး၊ ပြည်ပကြိုတင်မဲ(၁)ဦးတို့ရှိပြီး၊ တပ်မတော် ရှေ့တန်းစခန်းတွင် ကြိုတင်မဲပေးသူများလည်း ရှိကြောင်းသိရသည်။

"ဆန္ဒမဲပုံးကို ပိတ်တဲ့ ကြိုးကအစ နံပါတ်စဉ်နဲ့ပါ၊ ကျွန်တော်တို့ရုံးမှာ မနက် ရုံးဖွင့်ချိန်ကနေ ရုံးပိတ်ချိန်အထိ ထားပြီး ညကျရင် ရဲစခန်းမှာ အပ်ထားတာပါ"ဟု ၎င်းမှဆက်လက်ပြောပြသည်။


တာချီလိတ်မြို့နယ်အတွင်း အောက်တိုဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၃၀)ရက်နေ့အထိ ကြိုတင်မဲပေးပြီးသူ (၁၁)ဦးရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မတီမှ ရွေးကောက်ပွဲနေ့တွင် တာဝန်နှင့် ခရီးသွားမည့် ကော်မရှင် ၀န်ထမ်းအဆင့်ဆင့်၊ မဲရုံမှူးများ၊ မဲရုံဝန်ထမ်းများ၊ မဲရုံလုံခြုံရေးတာဝန်ကျ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ကိုယ်စားလှယ်လောင်းနှင့်ကိုယ်စားလှယ်၊ အခြားဒေသသို့ တာဝန်နှင့် မဖြစ်မနေ သွားရမည့် အစိုးရ၀န်ထမ်းများသည် အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ ကြိုတင်မဲပေးခွင့်ရှိကြောင်း ထုတ်ပြန်ကြေငြာထားသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>