Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲ စတင် ပေးရာတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့် သတင်းမီဒီယာများ ဖိတ်ကြားခြင်း မခံရ

$
0
0
တာချီလိတ်ခရိုင် မဲဆန္ဒနယ် အမှတ်(၁)အတွက် တာချီလိတ် သတင်းတပ်ဖွဲ့မှ အောက်တိုဘာလ (၂၉)ရက်နေ့ ညနေပိုင်းက ၎င်းတို့ရုံးတွင် ကြိုတင် ဆန္ဒမဲများပေးခဲ့ကြောင်း သိရပြီး ကြိုတင်မဲများပေးရာတွင် ဒေသခံများကြား လွတ်လပ်မှုမရှိဟု ကောလဟလများ ထွက်ပေါ်နေကြောင်း သိရသည်။


သတင်းတပ်ဖွဲ့မှ ကြိုတင်မဲပေးရာတွင် အဆိုပါ တပ်ဖွဲ့မှ (၁၀)ဦးက မဲပေးတာဖြစ်ပြီး ထိုသို့ ကြိုတင် ဆန္ဒမဲ ပေးရာ၌ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလောင်းတို့မှ လာရောက်ကြည့်ရှုကြသော်လည်း အခြားပါတီများနှင့် သတင်းမီဒီယာများအား သက်ဆိုင်ရာမှ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် မသိရှိရကြောင်း သိရသည်။


"တခြားမြို့တွေမှာတော့ ကြိုတင်ဆန္ဒမဲပေးတာမှာ သတင်းမီဒီယာတွေလည်း ပါဝင်တယ်၊ တာချီလိတ်မှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေ အပေါ် ကြိုတင် အသိပေးခြင်းတွေ၊ ဖိတ်ကြားတာတွေ မရှိတဲ့အတွက် ဒီနေ့ ပထမဆုံးလုပ်တဲ့ ကြိုတင် ဆန္ဒမဲပေးမှုကိုလည်း မသိရပါဘူး.."ဟု ရှမ်း(ရှေ့)မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။


ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ရွေးကောက်ပွဲတာဝန်ဖြင့် ခရီးသွားရမည့် ကော်မရှင် ၀န်ထမ်းအဆင့်ဆင့်၊ မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းများ၊ မဲရုံလုံခြုံရေး တာဝန်ကျသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ကိုယ်စားလှယ်လောင်းနှင့် ကိုယ်စားလှယ်များ၊ အခြားဒေသသို့ တာဝန်နှင့် မဖြစ်မနေ သွားရမည့် အစိုးရ၀န်ထမ်းများသည် အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့အထိ ကြိုတင်မဲ ပေးခွင့်ရှိကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။


"တာချီလိတ်ခရိုင်အတွင်း ရွေးကောက်ပွဲမှာ သတင်းရယူနိုင်ရန်အတွက် ကျွန်တော်အပါအ၀င် သတင်းမီဒီယာသမား (၉)ဦးရဲ့ အမည်စာရင်းနဲ့အတူ ဒီနေ့ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ခရိုင် ရွေး/ကော်မှာ လျှောက်လွှာတင်ဖို့ သွားရောက် စုံစမ်းတော့ သတင်းမီဒီယာအတွက် ပြည်နယ်ကနေ ကတ်ပြား မရောက်လာသေးဘူးလို့ ပြောပါတယ်၊ လားရှိုးခရိုင်မှာတော့ သတင်းမီဒီယာကတ်တွေ ရနေပါပြီ၊ လျှောက်လွှာတင်တာလည်း (၁၅)မိနစ်ပဲ ကြာတယ်လို့ သိရပါတယ်"ဟု တာချီိလိတ်သတင်းအေဂျင်စီမှ ကိုဇောင်းက ဆိုသည်။

"မဲပေးတာတော့ လုံခြုံပါတယ်၊ သီးသန့်ဆန္ဒမဲပေးခန်းမှာပေးတာ၊ တစ်ဦးဝင် တစ်ဦးထွက်စနစ်နဲ့ပေးတာပါ၊ နယ်တွေ လျှောက်လှည့်ရမယ်ဆိုပြီး ပေးတာပါ၊ ပေးပြီးသား ဆန္ဒမဲလက်မှတ်တွေကို ရဲစခန်းမှာ ထားမယ်လို့တော့ သိရတယ်..."ဟု တာချီလိတ် မဲဆန္ဒနယ်အမှတ်(၁)တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ဒေါ်စိုးဥမ္မာက ပြောသည်။

တာချီလိတ်မြို့တွင် ကြိုတင်မဲပေးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အား ဆက်သွယ်မေးမြန်းရန်အတွက် ဖုန်းဖြင့်ဆက်သွယ်ရာမှာ ဆက်သွယ်မှု မရရှိခဲ့ပါ။

"ကြိုတင်မဲ ပေးရမယ့်နေရာမှာ တစ်ချို့ဌာနတွေကို နာမည်စာရင်းတွေတော့ လာကောက်သွားတယ်လို့တော့ ကြားတယ်၊ အဲ့ဒီ ၀န်ထမ်းကို မေးကြည့်တော့ ဘယ်ကိုပေးရမလဲ မသိဘူးတဲ့ လူကြီးက ပေးခိုင်းတဲ့လူ ပေးရမှာဘဲတဲ့ ၀န်ထမ်းဆိုတော့ ပြုတ်မှာ ကြောက်နေတယ်လို့ ပြောတာဘဲ.."ဟု ဒေသခံတစ်ဦးအား ၀န်ထမ်းတစ်ဦးမှ ပြောသွားကြောင်း သိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၃၀)တိတိရှိပြီး၊ အမှတ်(၂) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၈)ရုံရှိရာ စုစုပေါင်းမှာ တာချီလိတ်မြို့နယ်တွင် မဲရုံပေါင်း (၅၈)ရုံရှိကြောင်း သိရသည်။

ဓါတ်ပုံ။  ။ စိုးကျော်အောင်(USDP)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>