Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွမ္းျပည္၌ ၾကယ္ပဲစိုက္ပ်ိဳးလွ်က္ရွိ

$
0
0
ေျမာက္အေမရိကားတိုက္၊ ပီရူးႏိုင္ငံမွ မ်ိဳးရင္းျဖစ္ေသာ Omega (3)အမ်ားဆံုးပါ၀င္သည့္ ၾကယ္ပဲေခၚ Sacha Inchi အား စိုက္ပ်ိဳးစရိတ္ ကုန္က်မႈမ်ားျပားျခင္းေၾကာင့္ ေတာင္သူအနည္းငယ္သာ စိုက္ပ်ိဳးလွ်က္ရွိေၾကာင္း သိရသည္။

"ရွမ္းေရွ႕မွာေတာ့ ၾကယ္ပဲက စိုက္ပ်ိဳးေတာင္သူ(၂)ဦးဘဲ ရွိေသးတယ္။ တစ္ဧကကို စိုက္ပ်ိဳးစရိတ္(၉)သိန္းနဲ႔ (၁၀)သိန္းၾကားမွာရွိေတာ့ သိပ္မစိုက္ၾကဘူး၊ ကၽြန္ေတာ္ကိုယ္တိုင္ က်ိဳင္းတံုမွာ အစမ္း(၉)ဧကဘဲ စိုက္ေသးတယ္..."ဟု ၾကယ္ပဲစိုက္ေတာင္သူ စိုင္းလံုပ်ဲန္းမွ ေျပာသည္။

ၾကယ္ပဲသီးမွာ ႏွစ္ရွည္မ်ိဳးျဖစ္ၿပီး ႏွစ္ေပါင္း(၂၀)ခန္႔ သက္တမ္းရွိေၾကာင္း၊ စိုက္ပ်ိဳးထြက္ရွိေသာ ၾကယ္ပဲေစ့အား ထိုင္းႏိုင္ငံသို႔ တင္ပို႔လွ်က္ရွိၿပီး တစ္ကီလို (၇၅)ဘတ္ရရွိေၾကာင္းႏွင့္ တရုတ္ႏိုင္ငံမွ ၀ယ္လိုအား ရွိေသာ္လည္း တန္(၁၀၀)အထက္သာ ၀ယ္ျခင္းျဖစ္ၿပီး တစ္ကီလိုလွ်င္ ယြမ္ေငြ(၂၀)ခန္႔ရွိေၾကာင္း ၎ထံမွ သိရသည္။

ကုန္က်စရိတ္ ႀကီးမားရျခင္းအေၾကာင္းမွာ ႏွစ္ရွည္သီးႏွံပင္ျဖစ္ၿပီး ႏြယ္ပင္အမ်ိဳးအစားျဖစ္သည့္အတြက္ ႏြယ္ေထာင္သည့္တိုင္အား ကြန္ကရစ္ျဖင့္ အခိုင္အမာတည္ေဆာက္ရျခင္းႏွင့္ ေရျပတ္လပ္မႈမရွိရန္ ေတာင္ၾကားမ်ားမွ ပိုက္ျဖင့္ ေရသြယ္တန္းရျခင္းေၾကာင့္ ကုန္က်စရိတ္ မ်ားျပားျခင္းျဖစ္ေၾကာင္း သိရသည္။

"ၾကယ္ပဲက ႏွစ္ရွည္ဆိုေပမယ့္ အဓိက ျပႆနာက ေရငတ္ခံလို႔ မရဘူး သက္တမ္း (၆)လေအာက္ဆိုရင္ အပင္တိုင္းကို တစ္ရက္ေရ (၁)လီတာေလာက္ အဆက္မျပတ္ ေပးထားရတယ္၊ သက္တမ္းရင့္ရင္ေတာ့ (၂)ရက္ (၃)ရက္ျခားေပးလို႔ရတယ္.."ဟု ပဲစိုက္ပ်ိဳးေသာ ေတာင္သူတစ္ဦးမွ ေျပာျပသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ စိုက္ပ်ိဳးေတာင္သူ (၂)ဦးအနက္ တစ္ဦးမွာ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးလွ်က္ရွိၿပီး၊ ၾကယ္ပဲသီးပင္မွ ထြက္ရွိေသာ အရြက္အား လက္ဖက္အျဖစ္ ထုတ္လုပ္ေရာင္းခ်လွ်က္ရွိေၾကာင္း ႏွင့္ ၾကယ္ပဲပင္မွာ အရြက္၊ အသီး၊ အေစ့အားလံုး အသံုး၀င္ေၾကာင္း သိရသည္။
*****************
( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

မြောက်အမေရိကားတိုက်၊ ပီရူးနိုင်ငံမှ မျိုးရင်းဖြစ်သော Omega (3)အများဆုံးပါဝင်သည့် ကြယ်ပဲခေါ် Sacha Inchi အား စိုက်ပျိုးစရိတ် ကုန်ကျမှုများပြားခြင်းကြောင့် တောင်သူအနည်းငယ်သာ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။


"ရှမ်းရှေ့မှာတော့ ကြယ်ပဲက စိုက်ပျိုးတောင်သူ(၂)ဦးဘဲ ရှိသေးတယ်။ တစ်ဧကကို စိုက်ပျိုးစရိတ်(၉)သိန်းနဲ့ (၁၀)သိန်းကြားမှာရှိတော့ သိပ်မစိုက်ကြဘူး၊ ကျွန်တော်ကိုယ်တိုင် ကျိုင်းတုံမှာ အစမ်း(၉)ဧကဘဲ စိုက်သေးတယ်..."ဟု ကြယ်ပဲစိုက်တောင်သူ စိုင်းလုံပျဲန်းမှ ပြောသည်။

ကြယ်ပဲသီးမှာ နှစ်ရှည်မျိုးဖြစ်ပြီး နှစ်ပေါင်း(၂၀)ခန့် သက်တမ်းရှိကြောင်း၊ စိုက်ပျိုးထွက်ရှိသော ကြယ်ပဲစေ့အား ထိုင်းနိုင်ငံသို့ တင်ပို့လျှက်ရှိပြီး တစ်ကီလို (၇၅)ဘတ်ရရှိကြောင်းနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအား ရှိသော်လည်း တန်(၁၀၀)အထက်သာ ဝယ်ခြင်းဖြစ်ပြီး တစ်ကီလိုလျှင် ယွမ်ငွေ(၂၀)ခန့်ရှိကြောင်း၎င်းထံမှ သိရသည်။

ကုန်ကျစရိတ် ကြီးမားရခြင်းအကြောင်းမှာ နှစ်ရှည်သီးနှံပင်ဖြစ်ပြီး နွယ်ပင်အမျိုးအစားဖြစ်သည့်အတွက် နွယ်ထောင်သည့်တိုင်အား ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက်ရခြင်းနှင့် ရပြေတ်လပ်မှုမရှိရန် တောင်ကြားများမှ ပိုက်ဖြင့် ရေသွယ်တန်းရခြင်းကြောင့် ကုန်ကျစရိတ် များပြားခြင်းဖြစ်ကြောင်း သိရသည်။

"ကြယ်ပဲက နှစ်ရှည်ဆိုပေမယ့် အဓိက ပြဿနာက ရေငတ်ခံလို့ မရဘူး သက်တမ်း (၆)လအောက်ဆိုရင် အပင်တိုင်းကို တစ်ရက်ရေ (၁)လီတာလောက် အဆက်မပြတ် ပေးထားရတယ်၊ သက်တမ်းရင့်ရင်တော့ (၂)ရက် (၃)ရက်ခြားပေးလို့ရတယ်.."ဟု ပဲစိုက်ပျိုးသော တောင်သူတစ်ဦးမှ ပြောပြသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စိုက်ပျိုးတောင်သူ (၂)ဦးအနက် တစ်ဦးမှာ မိုင်းဖြတ်မြို့နယ်အတွင်း စိုက်ပျိုးလျှက်ရှိပြီး၊ ကြယ်ပဲသီးပင်မှ ထွက်ရှိသော အရွက်အား လက်ဖက်အဖြစ် ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း နှင့် ကြယ်ပဲပင်မှာ အရွက်၊ အသီး၊ အစေ့အားလုံး အသုံးဝင်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


နာမည္ေက်ာ္ေနတဲ့ (Eaint Treasure)အိမ့္ရတနာရဲ့ HD Video


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


ယူေကစစ္သံမွဴးအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နာယကဦးတင္ဦးႏွင့္ေတြ႕ဆံု၊


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


အသက္ႏွစ္ဆယ္ျပည့္ေတာ့မယ့္ ဝါဆိုမိုးဦး ကေတာ့ မဂႍလာေဆာင္တာကို အားၾကမိတယ္ ဆိုပဲ


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


သူ ့ကိုမခ်စ္ဘူး......


ဗိုက္ေပါက္ရဲ.အနာကုိ ဘယ္သူေဆးကုေပးမွာလဲ ( ေဇာ္သက္ေထြး )


ေသြးအုပ္စုမ်ား ဖခင္စစ္-မစစ္ အျငင္းမပြါး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>