Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ

$
0
0
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အတွင်း၌ အောက်တိုဘာလ (၂၇)ရက် ည(၆)နာရီအချိန်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။







ဓါတ်ပုံ။  ။ အောင်ဟိန်း
************

( Zawgyi Font ဖြင့် ဖတ်မရသူများအတွက် )

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အတွင်း၌ အောက်တိုဘာလ (၂၇)ရက် ည(၆)နာရီအချိန်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်းကျွမ်းသွားကြောင်း သိရသည်။



ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ အာခါဗုဒ္ဓဘုန်းကြီးကျောင်းလမ်းရှိ ဒေါ်နန်းခမ်းကျောက် နေထိုင်သည့် နေအိမ်တွင် ဖယောင်းတိုင် မီးထွန်းကာ ဘုရားမီးပူဇော်ရာမှ ဘုရားပန်းခြောက်များနှင့် စက္ကူပန်းခက်များအား မီးစွဲလောက်ရာမှ မီးလောင်မှု ဖြစ်ပွားရတာဖြစ်ကြောင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။



မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁)လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ အနည်ငယ်သာ ဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်သူ နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တို့မှ မီးသတ်ကား (၂)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ အနီးအနားရှိ ပြည်သူများမှလည်း ပူးပေါင်း ပါဝင်ကာ ဝိုင်းဝန်းငြှိမ်းသတ်ကြောင်း သိရသည်။



အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၂၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ။ အောင်ဟိန်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>