Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားရေး တာချီလိတ်အထက တွင် ခြင်ဆေးဖျန်းပေး

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ မှ ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့၊ ရွှေတာချီခရီးသွားလုပ်ငန်း နှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ခြင်ဆေးဖျန်းခြင်းကို ယနေ့ စက်တင်ဘာလ (၄)ရက်၊ နံနက်(၇)နာရီခွဲက တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။



အဆိုပါ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ အတွင်းရေးမှူး ဦးကျော်ဇင်၊ အင်ဂျင်နီယာမှူး ဦးလှမျိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ၊ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် ကျောင်းဆရာ၊ ဆရာမများ၊ ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကြီးကြပ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည်။



ထိုမှတဆင့် နံနက် ၉ နာရီခွဲတွင် ပုန်းထွန် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခြင်ဆေးဖျန်းပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဌေးရီ နှင့် ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>