Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပထွေးဖြစ်သူမှ အသက်(၁၂)နှစ်အရွယ် မယားပါသမီးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံရွယ်မှုဖြင့် အမှုဖွင့်

$
0
0
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ကျတဲ/ကျဘိုကျေးရွာ၌  မယားပါ သမီးဖြစ်သူ အသက်(၁၂)နှစ်အရွယ် မိန်းကလေး တစ်ဦးအား ပထွေးဖြစ်သူမှ မုဒိန်းပြုကျင့်ရန် ကြံရွယ်မှုဖြင့် ယနေ့ အောက်တိုဘာ(၃)ရက်နေ့တွင် တာချီလိတ်မြို့မ ရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။


"အရင်ကလဲ ဒီကလေးမလေးရဲ့ အစ်မကို မုဒိန်းကျင့်ခဲ့တာ ကလေးတစ်ယောက်ရခဲ့တယ်၊ သူ့အမေကိုလည်း ဓါးကြိမ်း ကြိမ်းတယ်.."ဟု ရဲစခန်းသို့ အမှုဖွင့်စဉ် လိုက်ပါလာသူ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

အသက် (၁၂)နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်ရန် ကြံရွယ်ရန် ခန္ဓာကိုယ်အား ဖက်ထားခြင်းကိုမိခင်ဖြစ်သူမှ တွေ့ရှိသွားသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက် တိုက်ကြားတာဖြစ်ကြောင်း နှင့် ယခုလိုပဲ မကြာခဏ ပြုမူနေကြောင်း သိရသည်။

သားမယားပြုကျင့်ရန် ကြံရွယ်ခံရသူ မိန်းကလေး၏ မိခင်ပြောပြချက်အရ အသက်(၁၂)နှစ်ဟုသိရပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တော့ မရှိကြောင်း သိရသည်။

"အမေရဲ့ နောက်ယောကျာ်းဖြစ်တဲ့ ပထွေးတွေနဲ့ တစ်အိမ်တည်း အတူနေတဲ့အခါ ဖြစ်ဖြစ်၊ နေအိမ်မှာ ပထွေးနဲ့အတူ ထားခဲ့တာဖြစ်ဖြစ် သမီးမိန်းကလေးတွေ အနေနဲ့ ဘာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်ဖို့ လိုပါတယ်၊ ဆိတ်ကွယ်ရာမှာ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတယ်၊ အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတော့ ကျော်မကောင်း၊ ကြားမကောင်းတွေ ဖြစ်ရောပေါ့.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ ပြောသည်။

မုဒိန်းပြုကျင့်ရန် ကြံရွယ်သူ ပထွေးဖြစ်သူ၏ အမည်မှာ ကျဘားဖြစ်ပြီး အသက်(၃၀)ရှိပြီဖြစ်ကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းမှ ၎င်းအား (ပ)၂၂၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>