Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် တာချီလိတ်တွင် ပထမဆုံး အရေးယူပြီ

$
0
0
တာချီလိတ်မြို့တွင် တရားဝင် ဇနီးမယားကွာရှင်းခြင်း မပြုသေးဘဲ နောက်အိမ်ထောင်ပြုရန်ကြိုးစားသဖြင့် တစ်လင် တစ်မယားစနစ် ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
"လက်ရှိ ဇနီးကို တရားဝင်ကွာရှင်းထားတာ မဟုတ်ဘဲ ရပ်ကွက်ရုံးမှာ နောက်မိန်းမတစ်ယောက်နဲ့ လက်မှတ်ထိုးဖို့ လုပ်လို့ တရားလိုဖြစ်တဲ့ တရားဝင်ဇနီးက အမှုဖွင့်လာတာကြောင့် ဖမ်းဆီးထားတာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

ဥပဒေပြဌာန်းပြီးနောက် အမှန်တကယ် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာဓလေ့ထုံးစံနှင့် ညီညွတ်သည့် ဥပဒေဖြစ်သည့်အတွက် အိမ်ထောင်ရှင်များ ဥပဒေလေးစားလိုက်နာသင့်ကြောင်း ၎င်းမှပြောသည်။

ခင်ပွန်းဖြစ်သူနှင့် စကားများ၍ နေအိမ်မှ မိဘများအိမ်သို့ သွားရောက်နေထိုင်သည်မှာ (၂)လခန့်ကြာမြင့်ပြီး အမျိုးသားဖြစ်သူ ကိုအောင်ကျော်မြမှာ တောင်ကြီးမှ အမျိုးသမီးတစ်ဦးကို ခေါ်လာကာ နေအိမ်တွင် အတူနေထိုင်ကြောင်း သိရသဖြင့် ၎င်း၏ ဇနီးဖြစ်သူ မခင်စုလှိုင်မှ တာချီလိတ်မြို့မရဲစခန်းသို့ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ည(၆)နာရီခွဲ အချိန်က အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသောသူတွင် တရားဝင် ဇနီးဖြင့် သား(၁)ဦး၊ သမီး(၁)ဦးရှိပြီး တရားဝင် ကွာခြင်း ပြတ်ဆဲထားခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၀၈/၂၀၁၅ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဥပဒေပုဒ်မ(၁၃) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

"ဥပဒေအရ အပေါ်ယံကြည့်ရင် ကောင်းပါတယ် ဒါပေမယ့် ယောက်ျားတွေက မွှန်နေချိန်ဆိုတော့ ထောင်မကျအောင် မယားကြီးကိုကွာကြမှာ  ဒါကြောင့် ရေရှည်ဆိုရင် မသိမသာ အိမ်ထောင်ရေးဖေါက်ပြန်မှုကနေ အိမ်ထောင်ကွဲမှု၊ ကလေးတွေ အဖမဲ့သားတွေများလာနိုင်တယ်.."ဟု တာချီလိတ် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေမှ သုံးသပ်ပြောဆိုသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့က အတည်ပြု ပြဌာန်းခဲ့ကြောင်းသိရပြီး ဥပဒေအရ အရေးယူထားမှုများ ရှိကြောင်း နှင့် ယင်းဥပဒေအရ ထောင်ဒဏ်(၇)နှစ်အထိ ကျခံနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>