Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်သို့ အောက်တိုဘာ (၂၀)ရက်နေ့တွင် ရောက်ရှိမည်

$
0
0
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာလ (၂၀)ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ (၂၀) ရက်နေ့မှာ တာချီလိတ်ကို ရောက်ပါမယ်၊  (၂၁)ရက်နေ့မှာ တာချီလိတ်က ပြန်မှာပါ၊ ရှမ်းရိုးမကွင်းမှာ ဟောပြောပွဲလုပ်ဖို့ ခွင့်ပြုချက် တောင်းထားပါတယ်...”ဟု တာချီလိတ်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌအဖြစ် ဦးစိုင်းစွံဆိုင်းက ပြောသည်။

“အမေစု လာမယ်ဆိုတော့ ပျော်တာပေါ့ဗျာ၊ ကျွန်တော်တို့ လူငယ်တွေအတွက် တကယ် အားကျ အတုယူစရာ လူထုခေါင်းဆောင်တစ်ယောက်ကို ကိုယ်တိုင် မျက်မြင်တွေ့ရပြီး ဟောပြောတာ နားထောင်ရမယ်ဆိုတော့ ဂုဏ်ယူစရာဘဲ၊ အားလုံးကလည်း မျှော်လင့်နေပါတယ်”ဟု တာချီလိတ်မြို့ဒေသခံ လူငယ်တစ်ဦးဖြစ်သူ မောင်စတီဗင်မှပြောသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ တာချီလိတ်သို့ ၁၉၉၇ ခုနှစ်ပတ်ဝန်းကျင်က တစ်ကြိမ်ရောက်ရှိခဲ့ပြီး အောင်မြတ်ခန်းမရှေ့တွင် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရပြီး ယခုအကြိမ်မှာ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောရန် ရောက်ရှိလာမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>