Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းရဲများက တာချီလိတ်မှ လာရောက်သူများအား နေ့စဉ်စစ်ဆေးလျက်ရှိ

$
0
0
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းရဲများသည် တာချီလိတ်မှ လာရောက်ကြသူများကို ဆီးစစ်ခြင်းနှင့် လမ်းပိတ်တားဆီးပြီး လိုင်းကားများပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံမှ လာရောက်သူများ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များမှ ခရီးသည်များကို နေ့စဉ်နီးပါး စစ်ဆေးလျက်ရှိကြောင်း စစ်ဆေးခံခဲ့ရသူများက ပြောကြားခဲ့ကာ ယခုကဲ့သို့ စစ်ဆေးနေမှုများကြောင့် အချိန်ကုန်ခြင်းနှင့် အခြား စိတ်အနှောင့်အယှက်များစွာဖြစ်ရကြောင်း သိရသည်။
"ဒီလကုန်ပိုင်းမှာပါပဲ၊ ဇူလိုင် ၂၀ ရက် ဖြစ်မယ်ထင်တယ်၊ ကျွန်တော့်ကို ငှားပြီးသွားတဲ့ ခရီးသည်ထဲက အမျိုးသမီးတစ်ယောက်မှာ ဘတ်ငွေ ၁ သိန်းလောက်ပါတယ်။ သူက Tesco Lotus ကုန်တိုက်မှ ပစ္စည်းသွားဝယ်တာပါ၊ အဲ့ဒီ ရဲဂိတ်မှာ အိတ်တွေလည်း စစ်တော့ တွေ့ပြီး ယူထားတယ်။ ဖုန်းတွေလည်း သိမ်းတယ်။ ကျွန်တော့်ကို အငှားယာဉ်မောင်းသမား မဆိုင်ရင် ပြန်သွားဆိုလို့ သူ့ကို ထားခဲ့ပြီး ပြန်ခဲ့တယ်"ဟု တာချီလိတ်မှ သုံးဘီး အငှားယာဉ် မောင်းသူတစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ စစ်ဆေးမှုများမှာ ယခင်က ရံဖန်ရံခါသာ စစ်ဆေးတတ်ပြီး ယခုအခါ နေ့စဉ်နီးပါး စစ်ဆေးနေပြီး ငွေနှင့် ပတ်သက်ပြီး ခရီးသည်အများအပြား ဖြေရှင်းရနိုင်ကြောင်း၊ အငှားယာဉ်မောင်းသမားများနှင့် တာချီလိတ်မြို့ခံများမှ ပြောကြားခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံသားများကိုမူ မှတ်ပုံတင်ပြပါက လုံးဝစစ်ဆေးခြင်းမရှိဘဲ မြန်မာနိုင်ငံသားများကိုသာ စောင့်ကြည့် စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။

" ကျွန်တော်ကတော့ အရင် ဇွန်လက နှစ်ခါတောင် ဆီးစစ်တာခံလိုက်ရတယ်။ ပါလာတဲ့ ခရီးသည်တွေလည်း ယောကျာ်းတွေဆို အကုန်စစ်တာပဲ။ ပြီးရင် သူတို့က ကရိယာလေးနဲ့ စိမ်လိုက်တယ်။ ပန်းရောင်ထွက်ရင် မူးယစ်ဆေး သုံးတယ်ပေါ့။ ကျွန်တော်တို့က ဘာအရောင်မှ မထွက်လို့ ဆက်သွားရတယ်။ အရောင်ထွက်ရင် ဖမ်းထားပြီး ကျင်းရိုင်းက ထောင်ကို ပို့တယ်။"ဟု မယ်ဆိုင်သို့ သွားရောက်သူတစ်ဦးက ပြောကြားသည်။

တာချီလိတ် နှင့် မယ်ဆိုင်တွင် နှစ်နိုင်ငံနယ်ခြားကော်မတီရုံးခန်း ဖွင့်လှစ်ထားပြီး နှစ်ဖက်ကော်မတီများ အစည်းအဝေးပြုလုပ်ကြသည်မှာ အကြိမ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး နောက်ဆုံးအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံ ကျင်းရိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းရေးသားသူ။          ။ဆုလဏီး ( တာချီလိတ် )


မှတ်ချက်။       ။ ၂၀၁၃ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ်  The Daily Eleven Newspaper ၏ စာမျက်နှာ၂၅၌ ဖော်ပြထားသော သတင်းအား မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>