Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကွတ်ခိုင်မြို့ဘက်သို့ လမ်းလျှောက်လာသူထံမှ ကျပ်သိန်း (၁၂၀)ခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

$
0
0
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ငွေကျပ် (၁၂၀)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို ယနေ့ ဇူလိုင်လ(၂၈)ရက် ညနေ(၅း၁၅)နာရီအချိန်က ဖမ်းဆီးရမိကြောင်း ကွတ်ခိုင်လှုပ်ရှား မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး (၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်မှ တပ်ဖွဲ့ဝင် နှင့် ပူးပေါင်းအဖွဲ့တို့ဖြင့် ကွတ်ခိုင် - ကောင်းခါးမြို့သစ်သွား ကားလမ်း ကွတ်ခိုင်မြို့အထွက် ကောင်းခါးမြို့သစ်သွား လမ်းဆုံ အနီးတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ်  ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ လမ်းလျှောက်လာသူ ကျွမ်းမေ(မ)အား စစ်ဆေး ရှာဖွေရာမှ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ကျွမ်းမေ(မ)အား စစ်ဆေး ရှာဖွေရာတွင် ၎င်း၏ လက်အတွင်းမှ ကိုင်ဆောင်ထားသည့် အဖြူရောင် ကျွတ်ကျွတ်အိတ်အတွင်းထဲတွင် ထည့်ထားသည့် ပဲနို့ဗူး(၄)ဗူးအတွင်းထဲမှ အမဲရောင် တိတ်များဖြင့် ပတ်ထားသည့် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ငယ်များအတွင်းရှိ 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၆၀၀၀)ပြားကို ရှာဖွေတွေ့ရှိရာ အဆိုပါ စိတ်ကြွဆေးပြားများ၏ အလေးချိန်မှာ (၅၄၀)ဂရမ်ရှိပြီး တန်ဖိုးငွေမှာ ကျပ်သိန်း(၁၂၀)ခန့် ရှိကြောင်း နှင့် ၎င်းအား ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မယ(ပ) ၅၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>