Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သြဂုတ်လ(၁၁)ရက်နေ့မှ စ၍ မြန်မာ - ထိုင်း ဗီဇာကင်းလွတ်တော့မည်

$
0
0
မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ၂၀၁၅ခုနှစ် သြဂုတ်(၁၁)ရက်နေ့မှ စတင်ကာ ဗီဇာ(Visa)ကင်းလွတ်တော့မည် ဖြစ်ကြောင်း သိရသည်။


မြန်မာ - ထိုင်း နှစ်နိုင်ငံ (၈)ကြိမ်မြောက် ပေါင်းစပ် အစည်းအဝေး( 8th Thai-Myanmar Joint Committee Meeting )အား ယနေ့ဇူလိုင်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီချက်အရ သြဂုတ်(၁၁)ရက်နေ့မှ စတင်၍  ဗီဇာ(VISA)ကင်းလွတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း TourHits ဖေ့ဘုတ်တွင် ဖေါ်ပြချက်အရ သိရသည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး General Tanasak Patimapragorn တို့မှ သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်းသိရသည်။

Photo & Ref; TourHits

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles