Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွက် တာချီလိတ်၌ အထူးရဲအဖြစ် (၅၃)ဦး ခန့်အပ်ပြီးစီး

$
0
0
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း တာချီလိတ်မြို့နယ်အတွက် လိုအပ်သော အထူးရဲများ လျှောက်ထားသူ အမည်စာရင်း ပြည့်သွားပြီဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။


“ကျွန်တော်တို့ မြို့နယ်ထဲမှာ မဲရုံးပေါင်း(၅၃)ရုံဆိုတော့ လိုအပ်တဲ့ အထူးရဲအင်အားက (၅၃)ဦး ပါ၊ အခုတော့ အမည်စာရင်းပြည့်သွားပါပြီ၊ အထူးရဲတွေကို သင်တန်းတော့ မပေးသေးပါဘူး ဆင့်ပွား သင်တန်းပေးမဲ့ ရဲအရာရှိတော့ သင်တန်းသွားတက်နေပါပြီ..”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းမှ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ မဲရုံများတွင် လိုအပ်သော အထူးရဲများအား ခန့်ထားရာတွင် သက်ဆိုင်ရာ မဲရုံတည်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ ရဲလုပ်ငန်း စိတ်ဝင်စားသူနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ရပ်ရွာအကျိုး အမှန်တကယ် ဆောင်ရွက်လိုသူများအား အဓိကရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအထူးရဲတွေဟာ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ အတွက် ရဲလုပ်ငန်းကို အပြည့်အ၀ လုပ်ဆောင်ရမှာပါ၊ သူတို့ဟာ တရားဝင် နေ့စား နိုင်ငံ့ဝန်ထမ်းတွေလို ဖြစ်သွားတာပေါ့၊ နောက်ပြီး ခန့်ထားတဲ့သူတွေကို သင့်တော်ရာ အဆင့်အလိုက် ရာထူးသတ်မှတ်ပေးရမယ်ဆိုတော့ အဓိက သူတို့ စာရိတ္တ၊ ဂုဏ်အရည်အချင်း၊ ပညာအရည်အချင်းအလိုက် သတ်မှတ်ပေးရမှာ၊ နိုင်ငံတာဝန် ထမ်းဆောင်ဖူးတယ်ဆိုတဲ့ မှတ်တမ်းလည်း ဘ၀မှာ ပါသွားမှာပါ..”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

တာချီလိတ်မြို့နယ်အတွင်း လျှောက်ထားသော အထူးရဲတပ်ဖွဲ့ဝင်များမှာ အများအားဖြင့် အသက်(၂၀)နှင့်အထက်ရှိသူများသာဖြစ်ကြောင်း၊ အထူးရဲများမှာ ပြည်သူ့ဘဏ္ဍာငွေဖြင့် လစာရရှိထားသဖြင့် ဒေသတွင်း လိုအပ်သော ရဲလုပ်ငန်းများဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအား ပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက ၎င်းတို့အနေနှင့် ၀င်ရောက်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြည်သူများ ဘ၀လုံခြုံရေးနှင့် အကျိုးစီးပွား ကာကွယ်ရန်မှာ ရဲလုပ်ငန်းဖြစ်သည့်အတွက် ၎င်းအထူးရဲများတွင်လည်း တာဝန်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ (၃)လအတွင်း အထူးရဲများအား နိုင်ငံတစ်ဝှမ်းရှိ မဲရုံများတွင် ခန့်အပ်သွားမည် ဖြစ်ကြောင်းနှင့် ၎င်း အထူးရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ပါက တရားဝင် နိုင်ငံရဲဝန်ထမ်းဖြစ်သည့်အတွက် ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>