Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အရ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အလွတ်တန်းပိုက်ကျော်ခြင်း ပြိုင်ပွဲ နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ (၂၇)ရက်၊ ညနေ(၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။



ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းများ၊ ကျောင်းသားကျောင်းသူများက ဘင်ခရာတပ်ဖွဲ့နှင့်အတူ စစ်ကြောင်း ပုံစံဖြင့် ကွင်းအတွင်း နေရာယူပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အားကစားအဖွဲ့ခေါင်းဆောင်တစ်ဦးက အားကစား သမားအင်အားများနှင့် တန်းအပ်ခြင်း ဆောင်ရွက်သည်။



ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကျင်းပ ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။



ယင်းနောက် ပြိုင်ပွဲဝင် အားကစားအသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ အခြေခံပညာအထက်တန်းကျောင်းမှ အေရိုးဗစ်ကျောင်းသူလေးများအဖွဲ့က (BEHS-TCL)စာလုံး ၊ အိုလံပစ်အမှတ်တံဆိပ် နှင့် ကြယ်ပုံ သဏ္ဍာန် စာလုံးများ၏ သရုပ်ပြကွက်များဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ဟောင်လိတ်မှကျောင်းသား၊ ကျောင်းသူများ က မြန်မာ့သိုင်း ကိုယ်ခံပညာကစားနည်းများဖြင့် လည်းကောင်း သရုပ်ပြတင်ဆက်ကြသည်။



ဆက်လက်၍ အားကစားပြိုင်ပွဲများ ဖြစ်မြောက်ရေးအတွက် ရွှေဝင်းဖြိုးကုမ္ပဏီ( Lactasoy , Commando Energy DrinkPalm Fresh ) မှ ကျပ်သိန်း (၂၀)နှင့် တန်ဖိုးငွေ ထိုင်းဘတ် (၄၅၀၀၀)တန်ဖိုးရှိ အအေး(၂၀၀)ဖာ၊ NIEC ( Tachileik ) မှ (၃၀၀၀၀)ဘတ်၊  LM Home Mart  မှ (၃၀၀၀၀) ဘတ် အသီးသီး ပါဝင်ထောက်ပံ့ ကူညီကြရာ ၎င်းတို့အား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်သည်။



ဆက်လက်၍ အေရိုးဗစ်သရုပ်ပြအဖွဲ့ နှင့် မြန်မာ့သိုင်း ကိုယ်ခံပညာသရုပ်ပြအဖွဲ့တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဂုဏ်ပြုငွေကျပ်(၂)သိန်းစီ၊ ဘင်ခရာအဖွဲ့အား ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေအဖြစ် ကျပ်(၃)သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျပ်(၂)သိန်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကျပ်(၁)သိန်းတို့ကို ပေးအပ်ချီးမြှင့်သည်။ 

အစီအစဉ်အရ ယှဉ်ပြိုင်ကစားကြမည့် ဆန်ဆိုင်း(ခ)ရပ်ကွက်ဘောလုံးအသင်း နှင့်ပုန်းထွန်ရပ်ကွက် ဘောလုံး အသင်းတို့မှ အားကစားသမား တစ်ဦးချင်းစီအား အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့က လိုက်လံနှုတ်ဆက်သည်။



အဆိုပါဖွင့်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအပါအ၀င် တိုင်းရင်းသားပြည်သူများ တက်ရောက်ကြောင်းသိရ သည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>