Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်း/ရှေ့ ICRC မှ လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းဆွေးနွေး

$
0
0
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC ) မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ ရွှေဘူးသီးဟိုတယ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။



“ကျွန်တော်တို့ လက်နက်ကိုင် တိုင်းရင်းသားဒေသတွေမှာ ICRC ရဲ့ လုပ်ငန်းစဉ် ရှင်းလင်းမှုတွေကို တော့မလုပ်ပါဘူး၊ ဒေသတွင်း လိုအပ်ချက် ဖြစ်တဲ့ သောက်သုံးရေ ရရှိရေးတို့ ကျန်းမာရေး ပစ္စည်းထောက်ပံ့မှုတွေလုပ်တဲ့ အချိန်မှာ လက်နက်ကိုင် ဘက်က တာဝန်ရှိသူတွေကို ICRC ရဲ့ အကြောင်းတွေကို ရှင်းပြပါတယ်..”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ICRC မှ Interpreter ဖြစ်သူ Raphael Boreham မှပြောသည်။


ပဋိပက္ခဖြစ်ပွားသော အချိန်ကာလများတွင် ကြက်ခြေနီ မှတ်အသားပါသည့် အင်္ကျီများအား  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ (IFRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ အပါအ၀င် ဆေးဝန်ထမ်းများသာ ၀တ်ဆင်ခွင့်ရှိကြောင်း၊ မီဒီယာနှင့် အခြားသူများ အနေဖြင့် စစ်ပွဲအတွင်း ပါဝင်ခြင်း မရှိကြောင်း သိသာစေရန် ထင်ရှားသော ၀တ်စုံများသာ ၀တ်ဆင်သင့်ကြောင်း ၎င်းမှပြောကြားခဲ့သည်။


“ကိုးကန့်ဒေသ လောက်ကိုင်ဘက်က တိုက်ပွဲတုန်းက (ICRC)အလံတွေ့တာတောင် သေနတ်နဲ့ ပစ်ခံရတာကိုကြည့်ရင် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို (ICRC)ရဲ့ မူဝါဒတွေ၊ လုပ်ငန်းဆောင်ရွက်သင့်တွေ ချပြသင့်တယ်၊ အခုက အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကိုဘဲ လုပ်ငန်းရှင်းလင်းတယ် (Advocacy)လုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး၊ ရှမ်းရှေ့ဒေသဆိုတာ လူမျိုးစု လက်နက်ကိုင်မျိုးစုံရှိနေတဲ့နေရာဖြစ်တဲ့အတွက် ဒါက အရေးကြီးတယ် ”ဟု ဒေသခံ မီဒီယာသမားတစ်ဦးက ထောက်ပြဆွေးနွေးခဲ့သည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ၂၀၁၄ သြဂုတ်လမှစတင်၍ (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီရုံးခွဲအား စတင်ဖွင့်လှစ်ခဲ့ကြောင်း နှင့်  (ICRC)၏ မူဝါဒများဖြစ်သည့် စစ်မက်ဖြစ်ပွားနိုင်သော ဒေသများတွင် လူသားချင်း စာနာထောက်ထားမှုအတွက် ဒေသခံပြည်သူများအား အကာအကွယ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


(ICRC)မှ လူသားချင်းဆိုင်ရာ အခွင့်အရေးနှင့် အထောက်အပံ့များ ပေးနိုင်ရန် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်(၃၃)ထောင်တွင် (၄၃)ကြိမ် သွားရောက်ကြည့်ရှုခဲ့ပြီး၊ အကျဉ်းထောင်အတွင်းရှိ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ အမှိုက်နှင့်မိလ္လာစနစ်များအား နိုင်ငံတကာ စံနှုန်းနှင့် ဆီလျော်သော အကျဉ်းထောင်များ ဖြစ်ပေါ်စေရန် ပံ့ပိုး ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင်း (ICRC)မှ မက်မန်းမြို့နယ်တွင်  အရန်သားဖွားသင်တန်း များဖွင့်လှစ်ခြင်း၊ ကျိုင်းတုံမြို့ရှိ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများအတွက် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးမြှင့်တင်မှုသင်တန်းများ ဖွင့်လှစ်ခြင်း၊ မိုင်းဆတ် မြို့နယ်အတွင်းရှိ လက်နက်ကိုင် တိုင်းရင်းသားဒေသများ အတွင်းရှိ ဆေးရုံများတွင် လိုအပ်သော ဆေးပစ္စည်းများအားထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအ၀င်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးစိုင်းကျော်ဇံနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>