Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မန်းရတနာပုံ လေကြောင်းလိုင်းအနေဖြင့် တာချီလိတ် မှ အခြားမြို့များသို့ မိုးရာသီအထူးအစီအစဉ်ဖြင့် ၀န်ဆောင်မှုပေးနေ

$
0
0
မန်းရတနာပုံ လေကြောင်းလိုင်းသည် တာချီလိတ်မှ ကျိုင်းတုံ၊ ဟဲဟိုး၊ လားရှိုး၊ မန္တလေး နှင့် ရန်ကုန် ခရီးစဉ်များအတွက် မိုးရာသီအထူး အစီအစဉ် တစ်ရပ်အနေဖြင့် လူကြီး၊ ကလေး၊ ရင်ခွင်ပိုက် (၃)မျိုးခွဲ၍ အထူးဈေးနှုန်းများဖြင့် ခရီးစဉ်လက်မှတ်များကို ရောင်းချပေးနေလျက်ရှိရာ တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာဝန်ဆောင်မှုအဖြစ် ဖော်ပြပေးလိုက်ပါသည်။


"လက်မှတ်ဝယ်ယူတဲ့ ခရီးသည်များကို တံတားဦး လေဆိပ်ကနေ မန္တလေးမြို့တွင်းအထိနဲ့ မန္တလေးမြို့တွင်းကနေ တံတားဦးလေဆိပ်အထိကို အခမဲ့ ကြိုပို့လုပ်ပေးပါတယ်၊ တာချီလိတ်မှာတော့ ကြိုပို့ဖို့အတွက် စီစဉ်ပေးထားခြင်း မရှိပေမဲ့ လက်မှတ်ဝယ်ယူဖို့ တစ်ချက်ဖုန်းဆက်လိုက်တာနဲ့တင် လက်မှတ်ကို အိမ်အရောက် လာပို့ပေးပါတယ်..."ဟု တာချီလိတ်ရုံးခွဲမှ တာဝန်ရှိသူက ပြောပြသည်။


အသက်(၂)နှစ်အထက် နှင့် အသက်(၁၂)နှစ်အောက်အား ကလေးဈေးနှုန်းဖြင့် သတ်မှတ်ထားပြီး အသက်(၂)နှစ်အောက် ကလေးများအား ရင်ခွင်ပိုက်အဖြစ် သတ်မှတ်ကာ သတ်မှတ်ဈေးနှုန်းများအလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။



မန်းရတနာပုံ လေကြောင်းလိုင်း၏ ခရီးစဉ် လက်မှတ်များကို သွားရောက် ၀ယ်ယူလို၍ ဖြစ်စေ၊ ဖုန်းဖြင့် ဆက်သွယ်ကာ ၀ယ်ယူလို၍ ဖြစ်စေ အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။


ဆက်သွယ်ရန်
အမှတ်(၁/၁၅၅)၊ ဌ/ဍ၊ ဗိုလ်ချုပ်လမ်း၊ အောင်ချမ်းသာတိုက်တန်း၊ ရှမ်းရိုးမကွင်းအရှေ့၊ တာချီလိတ်မြို့။

လေဆိပ်ဖုန်း
မြန်မာဖုန်း။  ။  0931098181
ထိုင်းဖုန်း။   ။ 0888045879

ရုံးဖုန်း 
မြန်မာဖုန်း။  ။ 084-53544၊ 084-53545၊ 09250343870၊
ထိုင်းဖုန်း။   ။ 0888045879

Facebook:။   ။ Mann Yadanarpon Airlines THL


 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>